Little Peach 1

5.7K 544 58
                                    

Zawgyi

မနက်​သတင်းစာလိုက်ပို့တာပြီးသွားပြီဖြစ်​၍မနက်​စာကိုရလာတဲ့လခထဲကအနည်းငယ်​ကိုသာထုတ်​ကာ နို့ဗူးအ​သေးဝယ်​ကာတငုံ​သောက်​လိုက်​ပြီးကျန်​ပိုက်​ဆံကိုပြန်​​ရေကာအ​နွေးအင်္ကျီ​ဘေးအိတ်​ထဲထည့်​ကာသိမ်းလိုက်​သည်​ Busanက​နေ​ Seoulကို​​ပြောင်းပြီး​ကျောင်း​ပြောင်းတက်​ရတာ​တော့သူ့အတွက်​မလွယ်​ကူ​ချေ ​ဖေ​ဖေနှင့်​​မေ​မေကbusanမှာ​တော့ပိုကီနှင့်​ငါးအူ​ချောင်းဆိုင်​​သေး​သေး​လေးသာဖွင့်​ထား၍ သူ့ကျောင်းစရိတ်​ကိုအလုံးစုံမ​ထောက်​ပံ့နိုင်​ ထို့​ကြောင့်​သူလည်းရသမျှအချိန်​ပိုင်း​အလုပ်​​တွေလုပ်​ကာရုန်းကန်​ရင်း​ကျောင်းတက်​ရသည်

ပြီး​တော့ရလာတဲ့ပိုက်​ဆံ​တွေကိုစာအုပ်​ဖိုးအတွက်​စုပြီး အစားအစာ​တောင်​ခြိုးခြံ​ချွေတာရသည်​ ​ဖေ​ဖေနှင့်​​မေ​မေကိုလည်းအပူမ​ပေးချင်​ သူတို့မှာ​တောင်​မနည်းရုန်းကန်​​နေရတာ မနက်​ပိုင်းအလုပ်​ပြီးစီးသွား၍ငှါး​နေတဲ့အ​ဆောင်​ကိုပြန်​လာပြီးအဝတ်​စားမြန်​မြန်​လဲရသည်​ ​ကျောင်းစတက်​မည့်​​နေ့ဆို​တော့​နောက်​ကျလို့မဖြစ်​ အခန်းလည်းရှားရဦးမည်​ကိုး ဘတ်​စ်​ကားမှတ်​တိုင်​မှာကား​စောင့်​ရင်းလက်​ဖဝါးနှစ်​ဖက်​ကိုအာ​ငွေ့​ပေးကာခုန်​စွခုန်​စွလုပ်​​နေမိသည်​ ရာသီဥတုကဒီ​နေ့နှင်းကျပြီးအ​အေးဒဏ်​လွန်​ကဲသည်​ကိုး

ကျောင်း​ရောက်​​တော့အခန်း​တောင်​သိပ်​မရှာလိုက်​ရ. ​ကျောင်းက​ကျောင်းသားတ​ယောက်​ကကူညီ၍လွယ်​ကူသွားသည်​ဆိုရမည်​ အခန်းကိုမိတ်​ဆက်​ပြီးသူ့ကိုကူညီခဲ့သည့်​​ကျောင်းသာနှင့်​ပင်​ထိုင်​လိုက်​သည်​ ထို​ကျောင်းသားနာမည်​က Jung Hoseok. ​ကျောင်းစတက်​သည့်​​နေ့မို့ထင်​စာသိပ်​မသင်​ ထိုသို့နှင့်​​နေလည်​စာစားချိန်​​ရောက်​၍​ကျောင်း၏ထမင်းစား hallခန်းထဲကို Hoseokနှင့်​အတူထွက်​လာခဲ့သည်​ ထမင်းယူဖို့တန်းစီ​နေတုန်း hallတခုလုံးဆူညံသွားပြီးတ​နေရာကိုစုရုံး​နေကြသည်​မို့

🍑Peachy Baby🍑Wo Geschichten leben. Entdecke jetzt