*မနက်ထဲကဘာမှမစားရသေးတာကိုမစားဘူးချည်းပြောနေတဲ့ယုန်ပေါက်လေးကြောင့်ပွေ့ပီးသာခေါ်လာလိုက်တော့သည်*
"ခင်ဗျားကြီး ဘာလုပ်တာလဲ လွှတ်ပေး ခုချပေးလို့ပြောနေတယ်နော် "
ငြိမ်ငြိမ်နေလေ ယုန်ပေါက်လေးကိုကိုယ်ပြောသားပဲ မထရင်ပွေ့ချီသွားမယ်လို့ ကိုယ့်ခလေးလေးကထမှမထတာ
ဘယ်သူက ခင်ဗျားခလေးလဲ ကျွန်တော်.နာမည်ယုန်ပေါက် မဟုတ်ဘူး ရှောင်ကျန့် ရှောင်းရှောင်ကျန့်
ဟုတ်ပါပီ ခု ထမင်းစားမယ်နော် မနက်ထဲက ဘာမှ မစားထားဘူးမှတ်လား ဗိုက်အောင့်မှာပေါ့ခလေးလေးရယ် နည်းနည်းပဲဖစ်ဖစ်စားလိုက်နော်
"................"
" ခလေး စားနော် ကိုကို ခွံ့ကျွေးရမလား "
" မလိုပါဘူး ကျွန်တော့်လက်တွေ အကောင်းကြီးရှိနေသေးတယ် ကိုယ့်ဘာသာ စားမယ်"
*သူ့ကို စိတ်ဆိုးနေတာရော မျက်နာကို မကြည့်ချင်တာရောကြောင့် သူ ထည့်ပေးတာကိုသာ မြန်မြန် စားလိုက်တာ ထမင်းထဲမှာ ပုဇွန်တွေပါမှန်း သတိမထားမိခဲ့ဘူး စားနေရင်းနဲ့ကျွန်တော်အသက်ရှူတွေကျပ်လာတယ်*
"ယုန်လေး ဘာဖစ်လို့လဲ ဘယ်နားနေမကောင်းလို့လဲ " ( ရင်ဘတ်လေးကို လက်လေးနဲ့ ဖိပီး အသက်ကို မနည်းရှူနေတဲ့ ခလေးကြောင့် ကျွန်တော်.စိုးရိမ်စိတ် တွေ မြင့်တက်လာခဲ့သည်)
"အ အသက် ရှု လို့ မ မရတော့ဘူး "
"ခလေး ခလေး သတိထားဦးလေ ခလေး ဒေါ်ကြီးရေ ဒေါ်ကြီး ချန်ရှန်းကို ဖုန်းဆက် မြန်မြန်လေး"
.
.
.
.
.
.
.
.
.
.
.
" ခလေးက မတည့်တဲ့အရာကို စားလို့ ဓာတ်မတည့်မှုဖစ်တာ သူ ဘာစားထားသေးလဲ "" ပုဇွန် ဟုတ်တယ် ပုဇွန် ငါ သူ့ကို ငါးနဲ့ စားရင် အရိုးစူးမှာစိုးလို့ ပုဇွန်နဲ့ ကျွေးခဲ့တာ"
"နောက်ကို သတိထားပေါ့ ခလေးကပင်လယ်စာနဲ့ဓာတ်မတည့်ဘူး မပေါ့နဲ့ကွာ အခက်မသင့်ရင်အသက်ပါဆုံးရှုံးသွားနိုင်တယ် ခုတော့ဆေးထိုးပေးထားလို့ညနေလောက်မှနိူးလိမ့်မယ် သူနိူးရင်င့ကို ဖုန်းဆက်လိုက် ငါခုတော့ဂျူတီရှိသေးလို့သွားရမယ်"
VOCÊ ESTÁ LENDO
🦁 စောင့်ရှောက်ခွင့်လေးပေး🐰💜Yizhan💜
Fanficကိုယ့်ကိုထားမသွားပါနဲ့💔 နာတယ် ကျွန်တော့်ရဲ့ရင်ဘတ်ထဲက ကိုကို ကျွန်တော့်ကို မချစ်တော့ဘူး မယုံကြည်ဘူးဆိုတာ တွေးလိုက်တိုင်း ကျွန်တော့်ရင်ဘတ်ထဲက ပေါက်ကွဲထွက်မတက် အရမ်းနာကျင်ရတယ်💔