ရောက်ရှိခြင်း

54 2 0
                                    

{Uni code}
သူ့နာမည်က မင်းဇေယျာ။ ကျွန်တော်က မွန်ပြည်နယ်ဖွား မွန်ဗမာကပြား လေး။ မိဘတွေက ငယ်ငယ်ထဲကဆုံးပါးသွားခဲ့ကြလို့ ရွာ​က ဘုန်းကြီးကျောင်းမှာ ကြီးခဲ့ပြီး အခု အရွယ်ရောက်လို့ ရန်ကုန်မြို့ကြီးကိုတက်လာခဲ့တယ်။ သူ့ အိပ်မက်က တစ်နေ့ကျရင် နာမည်ကြီး စာရေးဆရာဖြစ်ဖို့။ ကလောင်နာမည် ​တိမ်လွှာမင်း ဆိုတဲ့နာမည်နဲ့ ထုတ်ထားတဲ့စာအုပ်တွေ အနည်းငယ်ရှိပေမယ့် အရမ်းနာမည်ကြီးတဲ့ စာရေးဆရာတော့ သူမဟုတ်သေးပါ။ အသားမဖြူမညို ရွှေညိုရောင်အသားမှာ ကြည်လွင်တဲ့မျက်နှာနဲ့ မည်းနက်သော ဆံကေသာကို ပိုင်ဆိုင်ထားသူ။ သွားထက်လေးပါ ပြီး တည်ကြည်သော မျက်နှာကိုပိုင်ဆိုင်ထားသူ။ အရမ်းမချော ပေမယ့် အကျင်္ီအဖြူလက်ရှည်ကို မွန်ပုဆိုးလေးနဲ့ သပ်သပ်ရပ်ရပ် ဝတ်လိုက်ရင် မြင်သူ မဟေသီတွေ ငေးမယ့် ပုရိသဖြစ်တယ်။ မင်းဇေယျာက တကယ္က bisexual ပါ။ အချစ်ဦးမိန်းကလေးရဲ့လှည့်စားမှုကို ခံရပြီးကတည်းကအချစ်ကို ဦးစားမပေးတော့ဘဲ သူ့ပန်းတိုင်ကိုသာ ဦးစားပေးပြီး ကြိုးစားနေခဲ့တာ ၂ နှစ် လောက်ရှိပေါ့။ သူ့အသက်က ၂၃ ဆိုပေမယ့် စိတ်ဓာတ်ကတော့ အသက်၄၀လို ရင့်ကျက်နေတဲ့ လူငယ်တစ်ယောက်။ ရင့်ကျက်ဆို သူဖြတ်သန်းခဲ့ရတဲ့ လောကဓံဆိုသည်မှာလည်း သေးငယ်သည်မှမဟုတ်ပေ။

သူ ရန်ကုန်ရောက်လာခဲ့တဲ့နေ့မှာ (၁.၁၁.၂၀၁၂)

မင်းဇေယျာ ငှားထားသည့်အဆောင်မှာ အဆောင်ဆိုသည့်အတိုင်းအခန်းကျဉ်းလေးများအား စီ၍အခန်းဖွဲ့ထားသော နှစ်ထပ်တိုက်ဖြစ်လေသည်။ရောက်လာသည်နှင့် သူငှားထားတဲ့အခန်းကျဉ်းလေးကို ဟိုဟို ဒီဒီလိုက်ကြည့်ရင်း မင်းဇေယျာ အထုပ်တွေကိုချလိုက်ပြီး အထုတ်ဖြေပြီး စီစဉ်စရာ ရှိတာတွေ သူ စီစဉ်တော့သည်။ သိပ်မကြာပါ တံခါး ခေါက်သံ တဂေါက်ဂေါက်။

"ဘယ်သူလဲ"
"ဘေးအခန်းက ပါအစ်ကို"

မမာလွန်းမပျော့လွန်း မိန်းကလေး ယောကျင်္ားလေးခွဲမရ တဲ့ နူးညံ့တဲ့အသံမျိုး ဟု မင်းဇေယျာ စိတ်ထဲမှတ်ပြီး တံခါးကို ဂရုတစိုက်ဖွင့်လိုက်လေသည်။ တံခါးဖွင့်ဖွင့်ချင်း သတိထားလိုက်မိသည်​က သူ့ရဲ့ နက်နဲမှောင်မိုက်တဲ့ မျက်ဝန်းတစ်စုံ၊ လာမလိုလို ပြေးမလိုလို ရဲတွတ်နေတဲ့နှုတ်ခမ်းပါး၊ ဝါဂွမ်းလို ဖွေးပြီး အပြစ်အနာအဆာတစ်ချက်တောင် မရှိတဲ့ အသားအရည်၊ အရပ်က ၅'၃" လောက် ဇေယျာ့လို ၅'၈" သမားနဲ့ ယှဉ်ရင် ပုပေမယ့် သူ့ခန္ဓာကိုယ်သူ့မျက်နှာ နဲ့ အရမ်းလိုက်တဲ့ ခန္ဓာကိုယ် ကိုပိုင်ဆိုင်ထားတဲ့ ကောင်လေးတစ်ယောက်ကို ဇေယျာ မြင်လိုက်ရတယ်။ အသက်ကဇေယျာ ထက် ၂ နှစ်၃ နှစ်တော့ငယ်မယ့်ပုံ။ သူ့ပုံကဘယ်လိုလဲဆို မိန်းကလေးတွေမြင်ရင်မိန်းကလေးတွေကကြိုက်ပြီး ယောက်ျားလေးတွေမြင်ရင် ယောင်္ကျားလေးတွေကြိုက်မယ့် ပုံ။ ဇေယျာ အသိပြန်ကပ်ပြီး မေးလိုက်တယ်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Apr 28, 2020 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

လမိုက်ရောင်နှုတ်ခမ်းပါးTempat cerita menjadi hidup. Temukan sekarang