Unicode
------------Kim Taehyungတစ်ယောက် UNIသို့လာရမည်ကိုကြောက်နေမိသည် ထို့အစားသရဲသာမြင်လိုက်ချင်သည်
ကျောင်း၂ပတ်ပိတ်သည်ကလဲခဏလေးလိုပင်
ဂိတ်ပေါက်ဝ၌ ကုတ်ချောင်းချောင်းနဲ့ဟိုကြည့်ဒီကြည့်ကြည့်လိုက်ကာ ပါဝါထူထူမျက်မှန်အဝိုင်းလေးကိုတစ်ချက်ပင့်တင်ပီး"ဟူးး ဒီအခြေအနေဆိုရင်တော့ သူမရောက်လောက်သေးဘူး"
စိတ်ချလက်ချနှင့် ကျောင်းထဲဝင်ရန်ခြေလှမ်းလှမ်းလိုက်စဥ်
"ဝါးးး!! baby boo!"
"အမေ့!"
သူကရောက်နေပီလား
ငါစိတ်တွေညစ်လိုက်တာနော်
ကျွန်တော်သရဲထက်ကြောက်သည်ဆိုသောသူက
ကျွန်တော့အား baby booလို့ခေါ်လိုက်သော
JEON JUNG KOOKဆိုသောသူပင်
ဘာကြောင့်သူ့ကိုကြောက်သလဲ??"ကိုယ်ကြည့်နေတာကြာပီ booလေးကဘာတွေရှာနေတာလဲ ဟိုကြည့်ဒီကြည့်နဲ့"
"ဘာ ဘာမှမရှာပါဘူး"
မင်းကိုရှာနေတာလေ
ရှောင်မို့"မသိပါဘူး ကိုယ့်ကိုများရှာနေတာလားလို့
ဝိုးး booလေးဆံပင်တွေရှည်နေပီပဲ မညှပ်နဲ့နော်ကိုယ်သဘောကျတယ် mullet hairလေး"ဆံပင်အနောက်ဘက်လေးကဂုတ်ထောက်နေသည်ကိုသိသော်လည်း ဆံပင်ညှပ်ဖို့အပြင်မထွက်ချင်တာကြောင့် မညှပ်ဖြစ်
အရှည်ထားကြည့်ရင်ကောင်းမလားလို့လဲတွေးမိတာကြောင့်ထားထားခြင်း
ဒါကိုသူကသဘောကျပြန်ပီတဲ့အနောက်နားကရှည်နေသောဆံပင်လေးကို
လက်လေးနဲ့ဖွကာ
"ချစ်စရာလေးကွာ ကိုယ့်ရဲ့booလေးက""မနက်စာစားခဲ့လား ကိုယ်ကတော့မစားရသေးဘူး"
အဲ့လို အဲ့လို စကားတွေကိုလဲသူ့ဘက်ကပဲတရစပ်ပြောတတ်သေးသည်
"စားခဲ့တယ်"
"ဟုတ်လား ကိုယ်က booလေးနဲ့တူတူစားချင်လို့ကို လိုက်ခဲ့မယ်မလား အတန်းမှမရှိသေးတာ လိုက်ခဲ့နော်"
လိုက်မလားလို့သာမေးတာပါ အဖြေကိုလဲမစောင့်
တကယ်တမ်းကျ သူဆွဲခေါ်ရာနောက်ပါသွားရတာပဲ ငြင်းလို့လဲမရ"booလေး ဒီမှာထိုင်နေအုံး ကိုယ်စားစရာလေးသွားယူလိုက်အုံးမယ်"