Unicode
"သားငယ်လေး !"
"ဗျာ ဖေဖေ"
"ခေါ်နေတာလဲကြာလှနေပီ
လက်ကြီးကြည့်ပီးဘာတွေဒီလောက်သဘောကျနေတာတုန်း ထမင်းစားကြမယ်လေ""ဟုတ် လာပီဖေဖေ"
"သားငယ်လက်ကလက်စွပ်က?"
"အဲ့တာ jung kook ပေး ထား တာပါ ဖေဖေ"
"အော်... ဒါကြောင့်ကိုးး ဒီလောက်ကြည့်မဝဖြစ်နေတာ"
"မဟုတ်ပါဘူး ဖေဖေကလဲ"
"အမယ် အေးပါ
မစတော့ဘူး စားစားဒါနဲ့ ဘယ်တော့လောက်လက်ထပ်မှာလဲ"
"အဟွတ် အဟွတ်"
"ကဲ ဘယ်လိုဖြစ်တုန်း ရေသောက်လိုက်အုံး"
"ကျောင်း ကျောင်းပီးရင်လို့ပြောတယ်"
"လက်ခံခဲ့တယ်မလား"
"ဟုတ်
ဟို ဖေဖေသဘောမတူရင်..""သဘောတူပါတယ်သားငယ်ရယ်
သားပျော်ဖို့အဓိကပဲ
ဒါပေမယ့် စာကိုတော့မပေါ့ရဘူးနော်""ဟုတ်ကဲ့ စိတ်ချပါဖေဖေ"
"မနက်ဖြန်အဖေကသွားမှာ jungkookကိုခေါ်ထားပီးပီလား"
"ဟုတ်ကဲ့ ပြောပီးသွားပီ
ဖေဖေပြောတော့သဘက်ခါဆို""အင်းး အစကတော့သဘက်ခါသွားမို့ပဲ အခုကစီစဥ်စရာတွေရှိသေးလို့ စိတ်ချမယ်နော်
ပိုက်ဆံလိုရင်လဲအဖေ့ကိုလှမ်းပြော""ဟုတ်ကဲ့"
°°°°°°°
ဖေဖေမနက်ဖြန်သွားမဲ့အကြောင်းပြောတော့
ဒင်းကပျော်နေလိုက်တာများ
ဒီညပဲလာအိပ်မယ် ဘာညာပြောနေလို့မနည်းတားရသေး
တကယ်မလွယ်တာပါ jeon jungkookတယောက်ကဖေဖေကမနက်အစော၆နာရီလောက်သွားလိုက်သည်
ကိုကိုကတော့ ၉နာရီလောက်မှလာခဲ့မယ်ဆိုတော့ မနက်စာလေးပြင်ပေးထားရန်
စျေးထွက်ဝယ်လိုက်သည်ဘာချက်ကျွေးရမလဲစဥ်းစားနေတာ
ချက်ကျွေးချင်နေတာကများ
နောက်တော့ ဘာမှစဥ်းစားမရတာနဲ့"မနက်စာပဲကို ပေါင်မုန့်နဲ့ကော်ဖီပေါ့
နေ့လည်စာမှပဲချက်ကျွေးတော့မယ်"