Unicode
ယောင်းငယ်နဲ့စျေးအတူသွားပီး လိုအပ်တာတွေဝယ်ခြမ်းပီးတော့
အိမ်အပြန်လမ်းတစ်လျှောက်လုံး
ကလေးပေါက်စဟာ အိပ်နေလိုက်တာများ
မနက်အစောထထားလို့အိပ်ချင်နေတယ်ထင်
ပါးစပ်လေးဟပီးအိပ်နေတာများ
အူယား အသည်းယား အဆုတ်ယား ကလီစာတွေအကုန်ယားပဲ
တစ်ချက်တစ်ချက် ဟောက်လိုက်သေး ><ဒီအသေးလေးကိုချစ်လို့သေရပါတော့မယ်!
"ယောင်းငယ် ဘေဘီရေ ပြန်ရောက်ပီလေ"
"အင်းးးး"
မျက်လုံးကတော့ပွင့်မလာ အင်းလို့ကောင်းနေတာ
နှိုးလို့ရမှာမဟုတ်တဲ့အတူတော့ ကောက်ပွေ့လိုက်လေသည်
ငပျင်းလေးက ရင်ဘတ်ကိုမှီပီးတစ်ချက်မွလိုက်သေးအော် ဒီအလည်လေးကအပျင်းတစ်နေတာကိုး၊
ယောင်းငယ်အခန်းရှိရာအပေါ်ထပ်သို့တက်လာလိုက်ပီး ကုတင်ပေါ်အသာလေးချပေးကာ နှုတ်ခမ်းလေးကိုဖွဖွလေးတစ်ချက်
ပါးလေးနှစ်ဖက်ကိုတစ်ချက် နဖူးလေး နှာခေါင်းလေး မေးစေ့လေး
မျက်နှာတပြင်လုံးကိုအနမ်းဗုံးကြဲလိုက်လေတော့"အာ .. ကိုကိုရာ ဘာဖြစ်နေတာလဲ အိပ်ချင်နေပါတယ်ဆို"
စူပုပ်ပုပ်လေးနဲ့ မျက်လုံးမဖွင့်ပဲပြန်စွာနေသေး
"ပြောတော့ ကိုကို့ကိုဟင်းချက်ကျွေးပါမယ်ဆို"
"အဲ့တာ နေ့လည်မှလေ"
"အခု၁၁တောင်ထိုးနေပီလေ"
"၁၂နာရီမှချက်မှာ~~~~ ယောင်းအရမ်းအိပ်ချင်နေလို့ ကိုကိုပါလာအိပ်"
ဒီအခွင့်အရေးလက်လွှတ်လို့မဖြစ်ဘူး ဟဲဟဲ
"အင်း ဟိုဘက်တိုး
လာ ကိုကို့ရင်ခွင်ထဲ"
"၁၂ထိုးရင် နှိုးနော်~~"
ကျွန်တော့လက်မောင်းအားခေါင်းအုံးကာ
ခါးသို့ဖက်တွယ်လာသောလက်လေး
ရင်ခွင်ထဲမြုပ်နေအောင်ပြန်ဖက်လိုက်ပီး
ခေါင်းလုံးလုံးကိုအနမ်းပေးလိုက်ကာ"အင်း အိပ်တော့ကိုကို့ယောင်းငယ်လေး"
ကိုကိုက ၁၂နာရီနှိုးပါဆိုမနိုးဘူး
နိုးလာလို့ဖုန်းကိုကြည့်လိုက်တော့၁နာရီတောင်ခွဲနေပီ
မနှိုးဘူးဆိုလို့ဘာလုပ်နေတယ်ထင်လဲ
အိပ်နေတာဟေ့ ပါးစပ်ကြီးဟပီးအိပ်နေလိုက်တာ အိမ်မြှောင်ချီးကောက်ထည့်လိုက်ရင်တောင်သိမှာမဟုတ်ဘူး