Ep-5
သူစဥ်းစားတယ်....သူပတ်၀န်းကျင်ကိုရင်ဆိုင်နိုင်ရဲ့လား...သူတကယ်ရောချစ်လို့လား
အဖြေက မသေချာမရေမရာနဲ့
သူဇင်မင်းကိုတကယ်မရိုးမရွခံစားချက်လေးတွေပေါ်မိတာတော့အမှန်ပဲ....
ဒါပေမဲ့ရင်ဆိုင်ဖို့ အားအင်မရှိတော့ဒီတိုင်းကိုယ့်ဘာသာကိုယ်လိမ်ပြီးဘာသိဘာသာနေခဲ့တယ်
နေနိုင်သွားတော့မှ...ဇင်မင်းကချစ်တယ်တဲ့လား
မဆွတ်ခင်တည်းကညွတ်ချင်နေပေမဲ့
မင်းကငါ့ကိုအရုပ်တခုလိုပေါ့ပျက်ပျက်သဘောထားမှာလည်းကြောက်တယ်....ခင်ဗျားကြီးကျွန်တော့်ကိုခင်ဗျားဘက်ပါအောင်အရမ်းမဆွဲဆောင်နဲ့...
ကျွန်တော်ကတွဲဖူးတဲ့လက်တစုံကိုဘယ်တော့မှပြန်လွှတ်တဲ့လူစားမျိုးမဟုတ်ဘူးခင်ဗျ....--------------------------------------------------
မင်း...မင်းကိုယ့်ကိုငြင်းမှာကြောက်လို့
မင်းလက်မခံမှာကြောက်လို့.....ပြောပြီးမော့ကြည့်လိုက်တယ်...
သူ့ကိုပါးစပ်လေးဟပြီးငေးကြည့်နေတဲ့ကလေးလေးရဲ့မျက်၀န်းတွေကတကယ်ပန်းချီကားတစ်ချပ်လိုပဲ
ကိုယ်..ကိုယ်က ကိုယ့်ကိုမတွဲမှာကြောက်လို့...
ဒီတိုင်း...ဒီတိုင်း အဲ့ထင်မြင်ချက်ကြီးကနာကျင်ရလွန်းလို့ရှောင်မိတာပါ....
တကယ်တောင်းပန်ပါတယ်...ကိုယ်တောင်းပန်ပါတယ်....ဇင်မင်း...မင်းငါ့အဖြေလိုချင်တယ်မလား...
အင်း..အင်း...လိုချင်တယ် လိုချင်တာပေါ့
မင်းကဘယ်လိုအဖြေမျိုးကိုလိုချင်တာလဲ...
ကိုယ်..ကိုယ်က မင်းရဲ့ချစ်သူဖြစ်လာနိုင်တဲ့အဖြေမျိုး..တကယ်မင်းကိုချစ်တာမို့ကျေးဇူးပြုပြီး ....
အင်း...ငါလည်းမင်းကိုချစ်တယ်
ဟင်...တကယ်...တကယ်လား
ကလေးလက်ခံလိုက်ပြီလား
တကယ်...တကယ်ကြီးလားအံ့သြမှုတွေနဲ့ပြည့်နေတဲ့သူရဲ့စကားတွေကိုခေါင်းတငြိမ့်ငြိမ့်နဲ့ပြုံးပြီးထောက်ခံနေတုန်း
ရုတ်တရက်ဆွဲပွေ့ခံလိုက်ရတယ်
YOU ARE READING
ကိုယ့္ရဲ႕ကေလးေလး(ကိုယ့်ရဲ့ကလေးလေး)
Romance[Unicode]ယောကျ်ားလေးတစ်ယောက်ဖြစ်ပေမဲ့ အရမ်းချစ်စရာကောင်းတဲ့ မင်းကိုချစ်မိသွားတဲ့အခါ အသိစိတ်ထဲဝင်လာတာက သတိတရားနှင့်ထိတ်လန့်ခြင်းမဟုတ်ဘဲ မင်းရဲ့အပြုံးဖြစ်နေတဲ့အခါ......... [Zawgyi]ယောက်ျားလေးတစ်ယောက်ဖြစ်ပေမဲ့ အရမ်းချစ်စရာကောင်းတဲ့ မင်းကိုချစ်မိသွားတဲ...