[Unicode]Ep_2
ဒီနေ့ကတော့ ပြည့်ဖြိုးကံဆိုးတယ်လို့ပဲပြောရ
မှာပဲ
မနက်အိပ်ရာကနောက်ကျပြီးနိုးတော့
ရေချိုးခန်းထဲရေချိုးဖို့ပြေးဝင်လိုက်တာ
ဘယ်ကဆပ်ပြာတုံးမှန်းမသိဘူး တက်နင်းပြီး
အားရပါးရချောလဲလိုက်တာ ...
နာလိုက်တာလဲပြောမနေနဲ့
မေမေကလည်း နမော်နမဲ့နိုင်တယ်ဆိုပြီးဆူနေလို့
နှုတ်ခမ်းကြီးဆူပစ်ပလိုက်ပြီး
Uniဆီကိုပဲ မြန်မြန်ထွက်လာလိုက်တယ်.ရောက်တော့မှ မနက်စာမစားရသေးတာကိုပြန်သတိရမိပြီး ဗိုက်ကလေးကို စိတ်နှလုံးငြိုးငယ်စွာနဲ့ငုံ့ကြည့်နေမိ
လိုက်တယ်.....
ဒါပေမဲ့ အတန်းချိန်ကနီးနေပြီရယ်
ပြီးတော့ဆရာမကလည်းခပ်ကြမ်းကြမ်း
ပြည့်ဖြိုးလည်းကြောက်တာပေါ့
နောက်မှပဲ ဝမ်းဖြည့်ပါတော့မယ်လေဆိုပြီး
သက်ပြင်းလေးတချချနဲ့ ခြေလှမ်းတွေကို
canteen ဘက်ကနေစာသင်ခန်းဘက်လေးပင်စွာ
ရွေ့လိုက်တယ်....
အင်း.....ဒီနေ့တော့တကယ်ကံဆိုးတာပဲ....စာသင်ခန်းထဲလဲရောက်ရော....
သူ့သူငယ်ချင်းတွေလိုက်ရှာတာတယောက်မှမတွေ့
နေရာလွတ်က မိန်းကလေးတွေနားမှာပဲရှိတော့
တွေ့ရာယောကျ်ားလေးဘေးနားကလွတ်နေတဲ့
ခုံနားကို ဗိုက်ဆာခြင်းနဲ့သက်ပြင်းလေးချပြီး
ဝင်ထိုင်လိုက်တယ်....ဗိုက်ဆာတော့စိတ်ကလည်းတိုနေတယ် အရာရာအကောင်းမမြင်ချင်ဘူး🙂
သူ့ဘေးနားကတယောက်ကတော့
အိမ်မှာမအိပ်ရလို့နဲ့တူတယ် ကျောင်းမှာလာအိပ်
နေတာ....စာသင်ခန်းထဲမှာလာအိပ်နေသေးတယ်...
စိတ်ပျက်ဖို့ကောင်းလိုက်ထှာ.....ဂွီ..ဂွီ...ဂွီ
မေမေရေ...ပြည့်ဖြိုး ဗိုက်ဆာတယ်လို့စ်...😣အစားနဲ့ပါးစပ်က၁၅မိနစ်တောင်မဝေးကွာဘူး
တာကတကြောင်း;ချော်လဲပြီးနာနေတာက
တကြောင်း သူတော်တော်စိတ်ညစ်နေတယ်....
ဒေါသပါအဆစ်ထွက်နေသလိုပဲ...
စိတ်တိုတိုနဲ့ အရှေ့ကစာရေးတဲ့စားပွဲပေါ်မှာ
ဖြတ်လျှောက်နေတဲ့ပုရွက်ဆိတ်တကောင်ကို
မျက်စောင်းထိုးပြီးကြည့်ပစ်ပလိုက်တယ်.....
ဗိုက်ဆာထှာ.....😣ဆရာမကလည်းမလာသေးဘူး.....
ဘေးနားကိုလှမ်းစူးစမ်းကြည့်လိုက်တော့
သကောင့်သားက
ဟောက်တောင်ဟောက်နေလေရဲ့.....
အမြင်ကတ်လိုက်ထှာ....😒
ဒေါသတွေ စိတ်ညစ်နေတာတွေတောင်
ပျောက်သွားသလိုပဲ
အမြင်ကတ်တာတွေအဲ့ဒီတယောက်ပေါ်ရောက်
သွားလို့ဖြစ်မယ်.....
သူများကတော့ ဗိုက်ဆာလို့ဝေဒနာအကြီးအကျယ်
ခံစားနေရတဲ့အခါမှာသူကတခေါခေါနဲ့
အိပ်နေတယ်....မနာလိုဘူးဟေ့ မနာလိုဘူး....
CZYTASZ
ကိုယ့္ရဲ႕ကေလးေလး(ကိုယ့်ရဲ့ကလေးလေး)
Romans[Unicode]ယောကျ်ားလေးတစ်ယောက်ဖြစ်ပေမဲ့ အရမ်းချစ်စရာကောင်းတဲ့ မင်းကိုချစ်မိသွားတဲ့အခါ အသိစိတ်ထဲဝင်လာတာက သတိတရားနှင့်ထိတ်လန့်ခြင်းမဟုတ်ဘဲ မင်းရဲ့အပြုံးဖြစ်နေတဲ့အခါ......... [Zawgyi]ယောက်ျားလေးတစ်ယောက်ဖြစ်ပေမဲ့ အရမ်းချစ်စရာကောင်းတဲ့ မင်းကိုချစ်မိသွားတဲ...