Unicode,
အရှိန်နှင့်မောင်းလာသော ကုန်တင်ကားကြီးတစ်စီးရှေ့ကိုကျွန်တော်အဓိပ္ပာယ်မဲ့စွာရပ်နေမိသည်။
ကျွီ<ဒုန်း...Soo !!!ကျွန်တော့ခန္ဓာယ်ကိုယ်ရင်ခွင်ထဲထည့်ကာ ငိုကြွေးနေသောလူတစ်ယောက် မျက်နှာကိုသဲသဲကွဲကွဲမမြင်ရပေမဲ့ထိုလူကကျွန်တော်နှင့်ရင်းနှီးနေသယောင် နောက်ပြီး ထိုလူကကျွန်တော့အား Soo ဟုခေါ်နေခဲ့တယ်။ တဖြည်းဖြည်း ဝေးကွာသွားသောပုံရိပ်များ နှင့်တစ်စုံတစ်ဦး၏ငိုကြွေးသံ
ထိုငိုကြွေးသံကိုကြားရတာ ကျွန်တော့်ရင်ထဲနာလိုက်တာ ..." D.O. သားလေး သတိရလာပြီလား "
" သား ဖေဖေရှိတယ်နော် ဘာမှစိတ်မပူနဲ့ "
မျက်ခမ်းစက်မှစီးကျလာသောမျက်ရည်စလေးများကြောင့်ဘာတွေများခံစားနေရတာလည်းသားငယ်ရယ်။ တစ်သက်လုံးမျက်နှာတစ်ချက်အငြိုးမခံရအောင် အလိုလိုက်ထားသောကြောင့် မသိသောသူများအကြားတွင်အနည်းငယ်ဂျစ်ကန်ကန်နိုင်သောသားငယ်က မိဘနှစ်ပါးရှေ့တွင်ခလေးဆိုးတစ်ယောက်ထက်မပိုခဲ့။
" ဖေဖေ , Daddy"
"အင်းသားလေး ဒယ်ဒီလည်းရှိတယ်နော် "
ကျွန်တော်မျက်လုံးဖွင့်လိုက်သည်နှင့်မြင်လိုက်ရသည်က ကျွန်တော့အား စိုးရိမ်စွာကြည့်နေသည့် ဖေဖေနှင့်ဒယ်ဒီ။
ကျွန်တော်ကတစ်ကယ်ထူးခြားတဲ့ကလေးတစ်ယောက်ဖြစ်မည်ထင်သည်။အခြားခလေးတွေလိုအမေခေါ်စရာမရှိတဲ့ကျွန်တော့မှာ အဖေနှစ်ယောက်ရှိသည်။ကျွန်တော်ငယ်ငယ်ကတော့ ကျွန်တော်ကမွေးစားတစ်ယောက်လို့ထင်ခဲ့ပေမဲ့ အရွယ်ရောက်လာချိန်မှာသိလိုက်ရတာကျွန်တော်က ဒယ်ဒီတို့ရဲ့သားအရင်းဖြစ်ခဲ့ကြောင်း..."သားလေး ဘယ်နားကနာနေလို့လည်းဟင် ဘာဖြစ်လို့မှိုင်နေတာလည်း "
" သားသက်သာနေပါပြီ ဖေဖေရဲ့ "
" အကိုရီရှင်း သားလေးလည်းသက်သာပြီဆိုတော့ ကျွန်တော်တို့ဒီညပဲ ကိုရီးယားပြန်ကြမလား "
" ကိုရီးယားပြန်မဲ့ရက်ကလိုသေးတယ်မဟုတ်လား ဖေဖေရဲ့ "
" သားသတိလစ်နေတာ သုံးရက်လောက်ရှိပြီ အမှန်ဆို ဒယ်ဒီတို့ပြန်မဲ့ရက်ကဒီနေ့မနက်ပဲလေ သားငယ်သတိမရသေးလို့ "
YOU ARE READING
𝐋𝐞𝐭 𝐌𝐞 𝐋𝐨𝐯𝐞 𝐀𝐠𝐚𝐢𝐧
FanfictionD.O. ... ကျွန်တော်က အတိတ်ဘဝမှာ တစ်ကယ်ပဲ Do Kyung Sooဆိုတဲ့မိန်းခလေးဖြစ်ခဲ့တာလား ? PCY ... တူညီတဲ့အမှားမျိုးထပ်မမှားစေရအောင် ခလေးငယ်က ဦးကိုနောက်တစ်ကြိမ်ပြန်ချစ်ဖို့အခွင့်အရေးပေးပါ... ___________ D.O. ... ကၽြန္ေတာ္က အတိတ္ဘဝမွာ တစ္ကယ္ပဲ Do Kyung...