𝐋𝐞𝐭 𝐌𝐞 𝐋𝐨𝐯𝐞 𝐀𝐠𝐚𝐢𝐧(1)

632 55 6
                                    

Unicode,

* " Soo နင်အဲ့ဒီရူးကြောင်ကြောင် စကားတွေပြောဖို့ ငါ့ကို ခေါ်လာတာလား "

" Yeollie Ya နင့် စိတ်ကို နင်ပြန်မေးပါအုန်း ငါ့ကို အရွဲ့ တိုက်ပြီး စေ့စပ်ပွဲကို ရက်ရွှေ့လိုက်တာမဟုတ်လား
နင် Beak ကို တစ်ကယ်မချစ်ဖူး Yeolအဲ့ဒါနင်သိရဲ့လား ဟင် နင်ငါ့အပေါ်ထားတဲ့ စိတ်က သူငယ်ချင်းသံယောဇဉ်သက်သက်မဟုတ်ဘူး
ဆိုတာကိုရော နင်

" တော်လိုက်တော့ Soo!!
နင့်စကားတွေဘယ်အထိရောက်နေပြီလည်း နင်သိရဲ့လား
ဘာလည်း နင်ပြောချင်တဲ့ အဓိပ္ပာယ်က ငါနင့်ကိုချစ်တယ်နေတယ်လို့ထင်တာလား သေလိုက် Soo နင်သေသွားရင်တောင် ငါက နင့်လူဖြစ်လာမှာမဟုတ်ဖူး နောက်ပြီး Byung Beak Hyunဆိုတာလည်းအခြားလူမဟုတ်ဖူး နင့်သူငယ်ချင်းအရင်းကြီး အဲ့တော့နင့်ရဲ့အောက်တန်းကျနေတဲ့အ‌ေတွးအခေါ်တွေကို updateလုပ်လိုက်အုန်း"

" Yeollie Ya!!! "

" ငါပြန်ပြီ Soo နင့်စိတ်ကိုနင်ပြင်ဆင်ပြီးမှအိမ်ပြန်လာခဲ့မနက်ဖြန် ငါ့စေ့စပ်ပွဲမှာနင်ရှိနေရမယ်မဟုတ်လား "

" Bye ! Yeollie -ဝုန်း- !!!"

" ဟင် Soo!!!!!!!!" မဖြစ်ဘူး Soo !! *

" သား Yeollie သားလေး အိမ်မက်တွေမက်နေပြန်ပြီလား"

" မေမေ အင့် သားလေ သား Soo ကို သိပ်ချစ်တယ်သိလား သားကိုလေ Sooက Soo က မုန်းသွားပြီ သားကို ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်တော့ဘူး 😭"

** ရင်ခွင်ထဲတိုးကာ တအင့်အင့်ရှိုက်ငိုနေသည့် သား ဖြစ်သူအားကြည့်ကာ မိမိကိုယ်တိုင်လည်း ငိုမိပြန်သည် ။ ဘာလိုလိုနဲ့ သမီးလေး Soo ဆုံးတာ ဒီနေ့ဆိုရင် ဆယ့်ရှစ်နှစ်ပင်ပြည့်ခဲ့‌ေလပြီ ။ နှစ်တွေ အလီလီပြောင်းသွားခဲ့သော်လည်း အရာရာဟာ မနေ့တစ်နေ့ကကဲ့သို့ **

.
.
.
.
.
.
.
" တီတီရေ တီတီ Yeollie နိုးပြီလား "

" အမလေး Soo,ရယ် ညည်းသူငယ်ချင်းက ညည်းမှလာ မနှိုးရင် ဘယ်တုန်းကအိပ်ယာ‌ေစာ‌ေစာထ လို့လည်း "

*တီတီ့ စကားကြောင့် Soo မျက်နှာလေးပြုံးယောင်းသွားသည်။ Sooဆိုတာ Yeollie နှင့်ပတ်သပ်လာရင် ဒီလိုမိန်းခလေးပါ ။ Yeollieက Soo အပိုင်ဆိုပြီး ကြံဖန် ဂုဏ်ဆာနေတတ်တာမျိုး *

𝐋𝐞𝐭 𝐌𝐞 𝐋𝐨𝐯𝐞 𝐀𝐠𝐚𝐢𝐧Where stories live. Discover now