Jokerရုပ်ရှင်ကိုကြည့်ပီး ကျနော်ငိုတယ်။
ကျနော်ရဲ့ အမှောင်ဘက်ခြမ်းမှာ အာသာ့လိုပဲ
ထင်ယောင်ထင်မှားတွေ မကြာခဏဖြစ်ခဲ့ပုံပါပဲ။
ရောက်နေရာကရပ်ပြီး အတိတ်ကိုကြည့်လိုက်
တိုင်း လွမ်းတယ်ဆိုတဲ့စိတ်ကလွဲပြီး ဘာမှရှိမနေ
ပြန်ဘူး။ ဒါဆို ကျနော်ကအာသာ့လိုထင်ယောင်
ထင်မှားဖြစ်ခဲ့ရတဲ့မှတ်ဉာဏ်တွေကို ပိုင်ဆိုင်
ထားရတာများလား။ အကျယ်ကြီးအော်ရီပစ်
လိုက်ချင်ပေမယ့် ရယ်လို့ရမနေတာကိုက ပြဿနာပဲ။ကြာလာတော့လည်း လှတာမြင်ရင် ဖျက်စီးချင်
တဲ့စိတ်က ပိုပိုဆိုးလာတယ်။ တခါတလေကျ
တော့ ဆရာမကြည်အေးရဲ့ မီလိုမှတ်ဥာဏ်တွေ
ကို လက်ကြားညှပ်ပီးဖွာဖွာချပစ်လိုက်ချင်တာ...။
ဒါဆို နည်းနည်းများလျော့ပါသွားလေမလားပေါ့။
ဟိုးရက်ပိုင်းတုန်းက ထူးထူးဆန်းဆန်း
အဖေ့ကိုအိပ်မက် မက်ပြန်တယ်။အိပ်မက်ထဲမှာ
ကျနော်ကအားရပါရရယ်နေခဲ့တယ်။လန့်နိုးလာတဲ့အထိရယ်နေတာကအဆက်မပြတ်ပါပဲ။ ဘာတွေကိုသဘောကျလို့ အဲ့လောက်ရီနေခဲ့ပါ
လိမ့်ဆိုတာကျ စဥ်းစားမရပြန်ဘူး။ သံယောဇဥ်
သိပ်နည်းခဲ့တယ်လို့ ကိုယ်ထင်ခဲ့တဲ့ အဖေက
ကိုယ့်ရဲ့မသိစိတ်မှာအခုထိတွယ်ကပ်နေတုန်း..။ဟင့်အင်း..ဒါဟာလည်းထင်ယောင်ထင်မှားဖြစ်
တာနေမှာလို့ပြောပြီး ရှိက်ကြီးတငင်ငိုချလိုက်
တယ်။ ဒီထက်ပိုပြီး ဆုံးရှုံးစရာမရှိတော့ဘူးမ
လားလို့ ခပ်ဖွဖွရေရွတ်ရင်း screenပေါ်က နံပါတ်တွေကိုကောက်နှိပ်မိပြန်တယ်။ ဒီနံပါတ်
တွေကရော အထူးတလည် စဥ်းစားမနေရ
လောက်အောင်ထိ ကျနော်က မှတ်မိနေခဲ့တာ
မျိုးလား။ ဒါဆို ကျနော်တို့ကြားမှာ ဘယ်လောက်
ထိများ အတွင်းကျကျရင်းနှီးခဲ့ကြပါလိမ့်။ဒိုင်ယာ
ရီကိုအပြေးအလွှားဖတ်ရင်း သူ့ကို ကျနော်
ရှာကြည့်မိပြန်တယ်။ ဟင့်အင်း..ဒါဟာလည်း
ထင်ယောင်ထင်မှား ပြဿနာပဲလို့အော်ငိုရင်း သောက်လက်စ ကော်ဖီခွက်ကိုလွင့်ပစ်လိုက်ရ
တယ်။ခွမ်းခနဲအသံရဲ့အဆုံးမှာ စိတ်တွေဟာ
ကြမ်းပြင်မှာ တစ်စစီပြန့်ကျဲလို့..။ပြန်ဆက်လည်း အကောင်းပကတိ ဖြစ်မလာတဲ့အထဲမယ် စိတ်ရဲ့
အနာတရတွေကပိုပြီးပြင်းပါတယ်။အကောင်အထည်မသိရသေးတဲ့ အစ်မရဲ့ဗိုက်
ထဲကကလေးလေးကိုကျ ကြိုပြီးတွယ်တာနေ
မိပြန်တယ်။ အားတဲ့အချိန်တိုင်းလက်အိတ်သေး
သေးလေးတွေ ခြေအိတ်သေးသေးလေးတွေ
ထိုးရင်း ချစ်ခြင်းမေတ္တာအကြောင်း တမေ့တ
မောတွေးမိသမျှ စာရွက်ဖြူဖြူပေါ်ချရေးဖြစ်
တယ်။ အိပ်ရာကနိုးလာတိုင်း အခန်းပတ်ပတ်
ပတ်လည်က တွန့်ကြေနေတဲ့စက္ကူလုံးလေးတွေ
ဟာ ကျနော့်ကို လှောင်ရီနေသလိုလို...။အတွေးလွန်စိတ်ကြောင့်ပဲထင်ပါရဲ့။လူအုပ်ထူထူတွေထဲသွားရင် တစ်ခုခုက ကိုက်ဆွဲနေသလိုပဲ တဆစ်ဆစ်နဲ့...။စိတ်ရဲ့နွမ်းနယ်မှုကိုအကြောင်းပြ
လို့ကျနော်ဟာ တဖြည်းဖြည်း သီးခြားဆန်လာ
ရတယ်။ လူသားသိပ်ဆန်ချင်တဲ့ကျနော်က လူတွေနဲ့တွေ့ရမှာကိုတော့ သေမလောက်
ကြောက်နေပြန်ရောတဲ့။ ရယ်စရာဘယ်လောက်
ကောင်းလိုက်သလဲနော်။ ဒါပေမယ့်လည်းလေ ကျနော်မှရယ်လို့မရနေတာ...။ငြင်းဆန်ခွင့်ရှိမယ်ဆို ချစ်ခြင်းမေတ္တာအပါ
ငြင်းဆန်လို့ရသမျှအကုန် ငြင်းပယ်ချင်မိတယ်။
မရပ်မနား ပြေးနေရတာလည်း ဒီမှာပဲ
အဆုံးသတ်ပြီထင်ပါတယ်။ The Last Leafထဲကလို သစ်ရွက်လေးနောက်ဆုံးကြွေမယ့်
အချိန်ကိုကျနော်ကတော့ ပျော်ပျော်ကြီးထိုင်
စောင့်နေပစ်လိုက်တော့မှာ...။#Shiro
#14022020(1:34PM)🌻
YOU ARE READING
Pieces by Pieces
Short Storyပိုအေးတယ် ပိုနက်တယ် ဒါပေမယ့်လည်း ကျနော်က အမှောင်တွေကိုချစ်တယ်လေ..