"အလေ့ကျပေါက်ပင်ကလေး"
ဖြတ်ပြေးသွားတဲ့အတိတ်တွေဆီ စောင်းငဲ့ကြည့်
မိတော့ ရယ်သံတွေပျော်ဝင်နေတဲ့ မိုးဖွဲလေးတွေ
ကို ကျနော်တွေ့တယ်။ ရယ်သံတွေချည်းလား
ဆိုတော့လည်း မဟုတ်ပြန်ဘူး။ စိမ်းလန်းနေမှု
ရယ် အေးမြနေမှုရယ်က အတိတ်တွေဆီမှာ လုံလုံလောက်လောက်ရှိခဲ့တယ်။ဝါးခမောက်ကလေးတွေကိုယ်စီဆောင်းလို့ ရေချိုင့်လေးတွေဆွဲကာ လယ်ကွင်းတွေထဲ ခရုကောက်ထွက်ခဲ့ကြတဲ့မှတ်ဉာဏ်က
ပထမဆုံးမှတ်မိနေတဲ့ မိုးရွာတဲ့နေ့လို့ဆိုရ
မယ်။ မိုးကာလည်းမဝတ် ထီးလည်းမဆောင်းပါ
ဘဲ တာရိုးနီနီပေါ် လမ်းလျှောက်ပြန်လေ့ရှိတဲ့
ဖြူစိမ်းဝတ်စုံလေးဆီက မိုးနံ့လေးတွေဆိုတာ
လည်း စွန်းရှနေတဲ့နေဝင်ချိန်တွေဆီမကြာမကြာ
ရောက်ချလို့လာတတ်ပြန်တယ်။ပျော်ရွှင်ခြင်းတွေတနံတလျားနဲ့ပေါ့။ဘဝမှာအထီးကျန်ပီး ရှင်သန်နေခဲ့ရမှာကိုတော့
ကျနော် အရမ်းကြောက်ခဲ့ရတာ။အလေ့ကျအပင်
လေးတွေက သိပ်ကိုသန်မာတာလို့ ကိုယ့်ကိုယ်
ပြောရင်း မိုးတိမ်ကလေးတွေထဲ ခဏခဏတိုးဝင်
ပစ်ခဲ့တယ်။ မိုးတိမ်ကလေးတွေပြယ်ဖန်များ
တော့ ဗလာဖြစ်ခြင်းကိုပါ နှစ်သက်တတ်လာ
တယ်။ သူက ကြောင်ချစ်တယ်ဆိုတာနဲ့ပဲ ကြောင်လေးတစ်ကောင်ဝယ်မွေးထားလိုက်
သေးတယ်။ ကြောင်လေးဟာ သူ့လိုပဲအစား
ရွေးတယ်ဆိုတာသိလိုက်ရတော့ ကြောင်လေး
ကိုပါ အချစ်ပိုခဲ့ရတယ်။ ကျနော်ပြောတာ သူနား
မလည်ရှာတော့ ကြောင်လေးပြောတာ နားလည်
ဖို့ကြိုးစားရင်းစိတ်တွေဟာ မိုးတိမ်လေးဆီ ခဏခဏပြုတ်ကျလို့သာနေခဲ့တယ်။အလေ့ကျပေါက်ပင်လေးတွေ စိမ်းလန်းနေတာ
မြင်ရင်စိတ်က အလိုလိုပျော်လာတယ်။ဒါကြောင့် မိုးရာသီကို ကျနော်သဘောကျတာ ဖြစ်မယ်ထင်
တယ်။စိတ်တွေဟာ ပျော်ဖို့လိုသလိုပဲသစ်ပင်
လေးတွေဆိုတာလည်း စိမ်းလန်းနေမှဖြစ်မယ်
မဟုတ်လား။ တခါတလေကျထိကရုန်းပင်လေး
တွေ ကျုံ့ဝင်သွားတာကိုငေးရင်းကိုယ်ကတော့
ပစ္စုပ္ပာန်ကို ပြန်ပြန်ဆန့်ယူနေရတယ်။ထိကရုန်း
ပင်လေးဖြစ်ခဲ့ရင် သိပ်ကောင်းမှာလို့တွေးမိတော့ ဒဏ်ရာတွေက စာမျက်နှာတွေဆီ သင်းပျံ့လို့
နေခဲ့ပြန်တယ်။ချစ်ခြင်းမေတ္တာဆိုတာ ကျနော့်အတွက်တော့ ကြောင်လေးတစ်ကောင်ဆိုလည်း ဟုတ်တယ်၊ သစ်ပင်က လေးတစ်ပင်ဆိုလည်းဟုတ်တယ်၊ ဖိနပ်ကလေးတစ်ရံဆိုလည်း ဟုတ်ခဲ့တယ်။ ဖိနပ်ကလေးပျောက်သွားခဲ့တဲ့နေ့က အဖေရိုက်
တာ ခံရတာကို ကျနော်မှတ်မိနေတုန်းပဲ။ အဲ့ဒီ
နေ့က မိုးတွေရွာနေခဲ့သလား နေတွေပူနေခဲ့သ
လားဆိုတာတော့ မသဲကွဲပြန်ဘူး။ အခုနေများ
အဲ့ဒီနေ့ကို ကျနော်ပြန်သွားဖြစ်ရင် အဖေ့ကို
ပြုံးကြည့်နေခဲ့မလားပဲ။ မှတ်ဉာဏ်တွေထဲမှာ
ဆိုရင် အဖေဟာ တောင်တန်းကြီးဖြစ်ခဲ့ပီး ကျနော်ကတော့ အလေ့ကျပေါက်ပင်လေးအဖြစ် အမြဲစိမ်းလန်းနေခဲ့ရတယ်။#Shiro(ရှီရာ)
#PicturefromPinterest
#26062020(11:13AM)🌻
(အလေ့ကျပေါက်ပင် ဆိုသော စာသားလေးသည်
ဆရာမမေဇော်ရဲ့ သစ်ပင် Essayမှဖြစ်ပါသည်)
YOU ARE READING
Pieces by Pieces
Short Storyပိုအေးတယ် ပိုနက်တယ် ဒါပေမယ့်လည်း ကျနော်က အမှောင်တွေကိုချစ်တယ်လေ..