*Misses* Part-3

7.1K 558 2
                                    

Kai မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဘေးနားမှာ ရှိတဲ့ လူမှန်သမျှကို ဆွဲထိုးလိုက်တယ်။ Hun ကြောက်လန့် လွန်းလို့ တုန်ယင်နေတယ်လေ။ Kai လည်းခံရပေမယ့် ဂိုဒေါင်မှာ ရှိတဲ့သူတွေက အကုန်လဲကုန်ကြ ပြီလေ။

Kai: Hun ရရဲ့လား
Kai Hun ကို တွဲခေါ်သွားတယ်။ Hun ခြေထောက်တွေ အားမရှိချင်တော့.....

Kim Jongin; နောက်က ခေါ်သံကြောင့်
Kai လှည့်ကြည့်လိုက်တယ်။ Kai လက်သီးကို ကျစ်နေအောင် ဆုပ်ထား တယ်။
Man: မင်းကို ငါက သတိပေးရုံပါကွာ။ မင်းက ငါ့လူတွေကို ပြင်းပြင်းထန်ထန် ဆက်ဆံသွားတာပဲ။ မင်း သတိထားနေပေါ့ ကွာ။
Kai: သတိပေးတဲ့ အတွက် ကျေဇူးပါ။ ဒါပေမယ့် ခင်ဗျား ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ခင်ဗျားကို ကျုပ်မကျေနပ်ဘူး။ ကျုပ်ချစ်တဲ့သူကို ထိခိုက်တဲ့ အတွက် ခင်ဗျားကြီး ပြန်ခံစားရမယ်။
Man: ဟား ဟား မင်းချစ်တဲ့သူ ဟုတ်လား။ အေးကွာ ချစ်ချင်စရာလေးပဲ ကွ။ မင်းရောက်တာစောလို့ မဟုတ်ရင် ငါက မင်းကောင်ကို
Kai: တောက်
Kai ရှေ့ကို ခြေလှမ်းလိုက်ပေမယ့် Hun လှမ်းဆွဲလိုက်သဖြင့် ရပ်တန့်သွားတယ်။

Kai လည်း ဘာမှမပြောဘဲ Hun ကိုဆွဲပြီး လှည့်ထွက်လိုက်တယ်။

Man: နောက်တစ်ကြိမ်ပေါ့ကွာ ပြန်ဆုံမယ်။
Kai: ခင်ဗျားသေမယ့်ရက်ပေါ့။

Kai ကားကို အပန်းဖြေ အိမ်ကို ဦးတည်လိုက်တယ်။

အားလပ်ချိန်တိုင်း Hun နဲ့ သူ အမြဲရှိတဲ့ နေရာလေးပေါ့။

ကားထဲမှာ တိတ်ဆိတ်နေတယ်။ ဘာမှမပြောဖြစ်ကြ

အိမ်ကိုရောက်တော့
Hun: ငါရေချိုးလိုက်ဦးမယ်။
Kai: မင်းအဆင်ပြေရဲ့လား။

အားနာပြီးစိုးရိမ်တဲ့ မျက်ဝန်းတွေ ဝမ်းနည်းတဲ့ အရိပ်အယောင်တွေ Kai မျက်နှာမှာ ပေါ်လွင်နေတယ်။
Hun: ရပါတယ်ကွာ။ စိတ်မပူပါနဲ့။

Hun ရေချိုးနေတုန်း Kai ကတော့ Hun ကြိုက်တဲ့ bubble tea ဝယ်ဖို့ အပြင်ခဏ ထွက်လာလိုက်တယ်။ သူလည်း ပြန်ရောက်တော့ Hun က ဆိုဖာပေါ်မှာ အိပ်ပျော်နေပြီလေ။

Kai: Hun ya...miyanae
Hun မျက်စိလေးတွေ ပွင့်လာပြီး ထထိုင်လိုက်တယ်။
Hun Bubble tea ကို လှမ်းယူလိုက်ပြီး သောက်နေလိုက်တယ်။
Kai: Hun ငါ
Hun: တော်ပြီ ဘာမှမပြောနဲ့။ ငါနားလည်တယ်။
Kai: ဒါပေမယ့်မင်း
Hun: မင်းအစမဖော်နဲ့ကွာ။ ငါပင်ပန်းနေ ပြီ။

Hun အိပ်ခန်းထဲ ဝင်သွားလိုက်တယ်။

Hun ငယ်ငယ်က သူ့ အစ်ကိုကို လူဆိုးတွေ ဖမ်းသွားတာတွေ့လို့ နောက်ကလိုက်ချောင်းတာ လူဆိုးတွေ အစ်ကို့ကိုသတ်တာ သူကိုယ်တိုင် မြင်ဖူးတယ်လေ။ ပြီးမှ လူမှားပြီး အသတ်ခံ ရတာ။ Kai လည်း သူ့ဘေးမှာ ပါတော့ သူ့အကြောင်းတွေ အကုန်သိတယ်။ Hun က စိတ်ဒဏ်ရာတွေ အများကြီး ရထားတာ သူ့အစ်ကို နဲ့ သူနဲ့က အရမ်းချစ်ကြတယ်လေ။ ဒါကြောင့် အခု သူအဲလို အဖမ်းခံရတော့ အရမ်းတုန်လှုပ်နေခဲ့တာ။

Hun ဘယ်လောက် ကြောက်နေခဲ့မလဲ။ ငါ တောင်းပန်ပါတယ်ကွာ။ Kai စိတ်မကောင်းစွာ ရေရွတ်လိုက်တယ်။

Kai သူ့ ph ကို ဖွင့်ကြည့်လိုက်တော့ Soo နဲ့ Lu ဆီက missed call တွေ message တွေ..... Kai က ph ပိတ်ထားမိတာကိုး

ထိုအချိန် Soo ဆီက ph ဝင်လာပြီး

Kai: Hello!
Soo: ဘာလို့ ph မကိုင်တာလဲ။ အဆင်ပြေ တယ်မလား။ Hun ရော ဘယ်လိုနေလဲ။ နင်ရော နင် အဆင်ပြေလား။ အခု ဘယ်မှာလဲ။

Lu Soo ဆီက ph ကို လှမ်းယူလိုက်ပြီး
Lu: Kai Hun ရော Hun ဘာမှမဖြစ်ဘူးမလား။ နင်တို့ အဆင်ပြေ တယ်မလား။ ဘာမှမဖြစ်ဘူး အဆင်ပြေတယ် ဟုတ်တယ်နော်
Kai: Ya..... ငါပြန်ဖြေတာ စောင့်ဦး။ ဘာမှ မဖြစ်ဘူး အားလုံးအဆင်ပြေတယ်။ ငါတို့ အပန်းဖြေအိမ်မှာ Hun က အိပ်နေတယ်။ စိတ်မပူနဲ့တော့
Lu: အပန်းဖြေအိမ်ဟုတ်လား ငါတို့လာခဲ့မယ်။
Kai: မလာ

ph ချသွားပြီ။ ဟူး ဒီနှစ်ယောက်နဲ့တော့

့ ခဏကြာတော့ Soo နဲ့ Lu ရောက်လာတယ်။
Hun ကတော့ အိပ်ပျော်ဆဲ

Kai: ကြွပါ ကျေဇူးရှင်တို့

Soo နဲ့ Lu ရဲ့ မျက်စောင်းတွေ Kai အပေါ် ရောက်သွားတယ်။

သူတို့ကို ထားခဲ့တဲ့အတွက် မကျေနပ်ဘူး လေ။

Soo: နင်က ဘာလို့ ph မကိုင်တာလဲ
Kai: Sorry ph ပိတ်ထားလို့ ဒါနဲ့ Hun အိမ်ကို နင်တို့ ph မဆက်ပါဘူးနော်။

gomawo 90° bows saranage

Waiting for vitamin vote and feedback...

မကောင်းလည်းသည်းခံကြနော် လွဲခန်းက part 5 လောက်ဆို လာပြီလို့

Misses ( လွဲချော်ခြင်းများ )Where stories live. Discover now