Ep(26)

10.8K 921 44
                                    

Doctor Baby's Daddy Jeon,

Unicode:

At Morning,

Jung Kook ဆေးရုံကိုသွားဖို့ပြင်ဆင်ပြီးတဲ့ထိ Tae မနိုးလာသေးတာကြောင့် သူ ထယ်ယောင်းနားသွားလိုက်ပြီး ကုတင်ဘေးဒူးထောက်ထိုင်ချလိုက်ကာ နဖူးလေးကိုနမ်းလိုက်ပြီး

Jk - ထယ် ကိုယ် Yoongi စီသွားလိုက်အုံးမယ် Kong ကိုခေါ်ပေးထားတယ် ထယ်ပျင်းနေမှာဆိုးလို့

Jung Kook ပြောပြီးခေါင်းလေးကိုပုတ်ကာ ပြန်ထမယ်အလုပ် Tae ကလက်ကိုစွဲထားတာကြောင့်

Jk - ထယ် ဘာလို့လဲ

Tae - ထယ်လည်းလိုက်မယ်

Jk - ထယ်မှအိပ်ရေးမဝသေးတာ

Tae - ထယ် Jimin နဲ့ပြောစရာရှိသေးတယ်

Jk - နောက်မှကိုသက်သက်လိုက်ပို့ပေးမယ် ဒီနေ့တော့မလိုက်နဲ့တော့နော်

Jung KookYoongi နဲ့ပြောစရာရှိသေးတဲ့အတွက် ထယ်ယောင်းကိုခေါ်လို့မရတာကြောင့် ချော့မော့ပြီးထားခဲ့ရသည်။

သူအောက်ထပ်ရောက်တော့ အိမ်ထဲဝင်လာတဲ့ Kong ကိုတွေ့တာကြောင့်

Jk - Han Kong! Tae ကိုအပြင်မထွက်စေနဲ့ ပြီးတော့သေချာစောင့်ကြည့်ထား ဟိုကောင်တွေက Yoongi ကိုတောင်လာထိတယ်ဆိုတော့ Tae စီကိုရောက်မလာဘူးလို့မပြောနိုင်ဘူး ထယ်တစ်ခုခုဖြစ်ရင်မင်းလဲလွတ်မယ်မထင်နဲ့

Hk- Nae Boss!

Jung Kook ထွက်သွားမလို့လုပ်ပြီးမှ မှာစရာတစ်ခုခုကိုသတိရတဲ့ပုံစံနဲ့ပြန်လှည့်လာပြီး

Jk - ထယ်နားမလိုအပ်ဘဲမကပ်နဲ့!!

လို့တစ်ခွန်းထဲပြောပြီး ပြန်ထွက်သွားတဲ့ Jung Kook . Jung Kook ထွက်သွားတော့ Kong လည်းအပေါ်တက်သွားလို့မသင့်တော်တာကြောင့်အောက်ထပ်မှာဘဲ ထယ့်ကိုထိုင်စောင့်နေလိုက်သည်။

                     ~~~~~~~~~
At Hospital;

Jimin Yoongi ကိုမျက်နှာသစ် ရေပတ်တိုက်ပေးပြီးတော့ မနက်စာကျွေးဖို့အလုပ် Jung Kook တို့ရောက်လာတာကြောင့် ပြင်ရုံတင်ပြင်ပေးခဲ့ပြီးအလိုက်သသိထွက်လာပေးခဲ့လိုက်သည်။

ဆေးရုံနားကပန်ခြံမှာထိုင်နေပြီ Jimin Tae Hyung နဲ့ Bogam အကြောင်းကိုစဉ်းစားနေမိသည်။ သူ့Hyung လောက်ထယ့်ကိုသည်းသည်းလှုတ်ချစ်ပြီးမျက်နှာတစ်ချက်ပျက်မခံတာသူHyung ဘဲရှိသည်။ ထယ်ယောင်းစိတ်ကတော့မှန်းရခက်တယ်လို့ဆိုရမည်။ ထယ်ယောင်း Hyung အပေါ်အပြုအမူတွေကအရင် ရည်းစားမဖြစ်ခင်ထဲကဆိုးနေကြဂျစ်တိုက်နေကြဆိုတော့ ထယ်ယောင်း Hyung ကိုတစ်ကယ်ချစ်မချစ်သူမပြောတက်ပေမယ့် အရင်ကတော့ ချစ်လောက်ပါတယ်လို့ယူစထားသည်။ အခုသူတောင်မသိခင် Jung Kook နဲ့လက်ထပ်လိုက်တာဆိုတော့ သူထယ်ယောင်းကိုစိတ်ဆိုးသလို Hyung ကိုလည်းသနားသည်။

Doctor Baby's Daddy Jeon (Complete) Where stories live. Discover now