Ep(27)

9.8K 893 51
                                    

Doctor Baby's Daddy Jeon;

Unicode:

Tae Side,

ထယ်မှိတ်ထားတဲ့မျက်လုံးတွေကိုအားယူပြီးဖွင့်လိုက်တော့ မြင်ကွင်ကမရှင်းဘဲဝါးတားတားဖြစ်နေတာကြောင့် ခေါင်းကိုတစ်ချက်ခါပြီးပြန်ကြည့်လိုက်တော့ အလုံပိတ်ထားတဲ့အခန်းငယ်၊ အခန်းထဲမှာအရောင့်ဖျော့ဖျော့မီးလုံးတစ်လုံးကလွဲရင်ကျန်တဲ့ပစ္စည်းတစ်ခုမှရှိမနေ။

သူမူးနောက်နေတဲ့ ခေါင်းကိုလက်တစ်ဖက်ဖြင့်ဖိကိုင်လိုက်ပြီး သူဒီကိုဘယ်လိုရောက်နေလဲဆိုတာကိုပြန်စဉ်းစားနေမိသည်။

သူမှတ်မိသလောက်ဆိုရင် Jung Kook ထွက်သွားပြီးတာနဲ့သူဆက်အိပ်မနေတော့ဘဲ ရေမိုးချိုးကိုယ်လက်သန့်စင်လိုက်သည်။ သူအောက်ဆင်းပြီးမနက်စာစားဖို့ အခန်းတံခါးကိုအဖွင့် အောက်ကသေနတ်သံလို တဒိုင်း ဒိုင်းဆူညံသံတွေနဲ့အတူ သူ့စီကိုသွေးတွေနဲ့ပြေးလာတဲ့ Han Kong. Han Kong ကတံခါးဝကသူကိုမြင်တာနဲ့ အခန်းထဲအတင်းတွန်းထည့်လိုက်ပြီး ပြန်ထွက်ဖို့အလုပ် ဒိုင်းဆိုတဲ့ကျယ်လောင်သောအသံနဲ့အတူ သူရှေ့မှာတင် လဲကျသွားသော Kong ကိုတွေ့ပြီးသူထိုနေရာမှာတင် မလှုတ်မရှပ်နေနေမိသည်။ ထို့နောက်အရှေ့ကလူကြီးကသူစီလျှောက်လာတော့ သူလည်းအနောက်ကိုဆုတ်ရင်းဆုတ်ရင်း အနောက်ကနံရံနဲ့ကပ်မိသွားသည်။ ထို့နောက် ထိုလူကြီးစီမှရတဲ့ စိမ်းရွှမ်ရွှမ်အနံကြောင့် သူ့အမြင်အာရုံတွေတဖြေးဖြေးဝါးလာပြီး သတိမမေ့ခင်ကြားလိုက်ရတဲ့စကားက
"Boss! ကောင်လေးကိုရပါပြီ " ဆိုတဲ့စကားအဆုံးသူကမ္ဘာကြီးလဲအမှောင်ကျသွားတော့သည်။

သူပြန်စဉ်းစားနေတုန်းဖိနပ်သံကြားရတာကြောင့် အသံလာရာသို့မော့ကြည့်လိုက်တော့ အရပ်ကထောင်ထောင်မောင်းမောင်း ဘော်ဒီခက်တောင့်တောင့်နဲ့လူတစ်ယောက်

Boy - CEO Jeon ကြီးကရွေးတက်သားဘဲ Doctor နုနုထွတ်ထွတ်လေးကို

ပြောလဲပြော ပါးကိုလဲလက်ကြမ်းကြီးတွေနဲ့လာထိတွေ့နေတာကြောင့် လက်ကိုပုတ်ထုတ်လိုက်ပြီး

Tae - ခင်များဘယ်သူလဲ!!!

သူ့ရဲ့မေးခွန်းမှာဘာရီစရာပါလို့လဲမသိ ဟက်ဟက်ပက်ပက်ရီပြီး

Doctor Baby's Daddy Jeon (Complete) Where stories live. Discover now