🍑🍑🍑

3.6K 473 36
                                    

Zawgyi

" ဟဲ့ နင် ကုပ်ချောင်း ကုပ်ချောင်းနဲ့ ဘာလုပ်နေတာလဲ ! ဒီမှာ လာထိုင်စမ်း "

" မားမားများ အအေးသောက်ချင်မလားလို့ "

" အမလေး ! နင့်မှာ ဘယ်နှပြားရှိလို့ အအေးတိုက်ဦးမှာလဲ ! ငတ်ပြတ်နေတာကိုများ ! အံ့ပါရဲ့ ! သူများသားသမီးကို ခိုးပြေးပြီး ဗိုက်ဟောင်းလောင်းနဲ့ ထားရတယ်လို့ "

" မထားပါဘူး ! သားသာ အငတ်နေချင်နေမယ် ! ငယ်လေးတော့ ကျော့နေအောင်ထားမှာ "

" နင်အပိုတွေပြောမနေနဲ့ ! ကလေးကိုကြည့်စမ်း !! မျက်နှာလေးကို ချောင်ကျလို့ ! ငါစိတ်ညစ်တယ် ရှောင်းကျန့်ရယ် ! "

" အဲ့ဒါ မားမားကြောင့်လေ ! ကိုယ့်သားရည်းစားမှန်းမသိ ဘာမှန်းမသိနဲ့ သွားအောင်သွယ်ပေးစရာလား "

" ဟဲ့ ! နင့်အသက်ထက်ဝက်လောက်ရှိတဲ့ ကလေးကို နင်မှန်းနေမှန်း မသိလို့ပေါ့ဟဲ့ !! ငါ့မှာ ဟိုမိန်းကလေးဘက်ဆီ ဘယ်လောက်မျက်နှာပျက်ရတယ်မှတ်လဲ ! ရိပေါ့်အမေကိုလဲ မျက်နှာပူလွန်းလို့ !! နင်တော်တော်မွှေနေ "

ချစ်မိတာ မွှေတာမှမဟုတ်ဘဲကို !
ပြန်ပြောချင်ပေမဲ့ မားမားလက်သံကို သိနေတာမို့ ငြိမ်ကုပ်နေရတယ် !

" အံသြတယ် ! ကိုယ့်လက်ထဲကြီးလာတဲ့ ကလေးကိုများ ခိုးပြေးရတယ်လို့ ! နင်ငယ်ငယ်ကတည်းက အကြံနဲ့ လက်ဝါးကြီးအုပ်တာမလား ! ထင်သားပဲ ! ဘယ်ကလေးမှ မချစ်တဲ့နင်က ရိပေါ်လေးကျမှ လက်ကမချဘူး အောက်မေ့တာ ! လတ်စသတ်တော့ နင်က ဝိုက်ဖို့အကြံနဲ့ကိုး "

" မားမား !!!! သားက ဖြူဖြူစင်စင်လေးနော် "

ကိုယ့်သားကိုယ်များပြောချလိုက်တာ ပိဿာလေးဘေးနဲ့ပစ် !
အင့်ခနဲနေတာပဲ !

" နင့်စိတ်လား ဖြူစင်တာ ! မည်းညစ်နေတာပဲ "

မားမားဆူတာ စိတ်မပါလက်မပါ ဆက်နားထောင်ပေးနေရတယ် !
တကယ်က ရိပေါ်နဲ့သူ့မားမားဝင်သွားတဲ့ အခန်းထဲ လိုက်သွားချင်တာ တပိုင်းသေနေပြီ !
ကလေးလေး သနားပါတယ် ! ဆူခံနေရပြီလားမသိဘူး !

" နင် နည်းနည်းမှမရှက်ဘူးလားဟမ် ! ကျောင်းတောင်မပြီးသေးတဲ့ ကလေးကို ခိုးပြေးရတယ်လို့ ! ငါ့မျက်နှာကို အိုးမည်းသုတ်တာလားဟဲ့ ရှောင်ရှောင်းကျန့်ရဲ့ "

Chapter No. - Love PotionWhere stories live. Discover now