Zawgyi
" မစားချင်ဘူး "
" မစားလ်ို့မရဘူး ! "
" ဟင့်အင်း ! "
" မစားဘူးနော် ! ရတယ် ! ဒီည အပြင်ထွက်အိပ်မယ် "
" အာ ... စားမယ် စားမယ် ! စားမယ်နော် ! စားပြီနော် ငယ်လေး "
" ကုန်အောင်စား ! တစိမှ မကျန်စေနဲ့ "
မျက်စောင်းလေးလွင့်လာတော့ ဖမ်းပြီး ရင်ထဲသိမ်းထားပစ်ချင်လိုက်တာ !
ကိုကို့ကလေးက မျက်စောင်းကစ လှ !" ကိုကိုဟာလေ ! အင်မတိအင်မတန်ကို လေကြီးလေကျယ်နိုင်တယ် သိလား ! ဘဝင်ကလဲ မြင့်သေးတယ် ! "
" ရိပေါ်ကလဲ ကိုကိုမှ ဒါတွေမစားနိုင်တာ "
လက်ထဲက ဆန်ပြုတ်ပန်းကန်ထက် ငယ်ငယ်က မားမား ချုပ်တိုက်နေကျ အဝင်ဆိုးအထွက်မကောင်းတဲ့ herbal tea ကိုပဲ ရေနွေးခရားလိုက်မော့ပစ်ချင်တယ် !
လမ်းထိပ်က ဟင်းချက်ရင်း ခေါင်းကုတ်ဖင်ကုတ်တဲ့ အဘိုးကြီးရောင်းတဲ့ ဆန်ပြုတ် !
ကြောက်လို့သာ စားနေရတာ !
အသက်ကို အတောင့်လိုက်ထွက်သွားချင်တယ် တကယ် !" ဘဝင်တွေဇွတ်မြင့်နေလိုက် ! ဖင်လဲ အအေးပတ်သွားဦးမယ် ! ရှိတဲ့ နှစ်ပဲခြောက်ပြားနဲ့ ဒီဆန်ပြုတ်သောက်နိုင်တာကိုပဲ ကျေးဇူးတင်ဦး "
ရိပေါ်လေး အပေါက်ဆိုးဆိုးပြောတာကိုလဲ ဗွေမယူနိုင်ပါဘူး !
အပေါက်ဆိုးသလောက် ရှောင်းကျန့်အပေါ် ဘယ်လောက်ကောင်းလဲဆိုတာ သိနေတာပဲ !
ထုတ်မပြတတ်ပေမဲ့ ကလေးက ချစ်ရှာပါတယ် !"ငယ်လေးရော စားနိုင်လို့လား "
" မတတ်သာရင် စားရမှာပဲ ! ကိုကို့လို anal diameter ကျယ်နေလို့မရဘူး "
ရိပေါ်လေးဟာ အဲ့လိုလဲ မဲ့ရွဲ့ ပြောတတ်သေးရဲ့ !
ဒီအပေါက်ဆိုးဆိုး ကောင်လေးက ရှောင်းကျန့်ကို ယုံပြီး ဒီလိုဘဝထဲ လက်ပစ်ကန်းကူးလာခဲ့တာ !" ကိုကို့ကြောင့် ကလေးလေး ပင်ပန်းရပြီ "
" အပိုတွေ ပြောမနေနဲ့ ! ဆန်ပြုတ် ကုန်သလောက်သောက် ! ပြီး ကြက်ဥကြော်နဲ့ ဆန်ပြားသုပ် ဝယ်ပေးမယ် ! ဆေးသောက်မှ ကျွေးမှာ ! "