Part {36} Zawgyi

11.5K 652 14
                                    

"ဦးမုဏ်း"

မုဏ်း စိတ်ပျက်စွာ၊ နာကျည်းစွာ အပေါ်တက်လာလေတော့ အသည်းအသန်လိုက်လာလေသော ထိုကောင်လေး။

"မင်း ကို မမြင်ချင်ဘူး ကောင်လေး"

ပြတ်သားစွာပြောရင်း အခန်းတံခါးပိတ်ရန်ပြင်ပြန်တော့ အတင်းဆွဲထားပြန်လေသည်။

"ခဏပဲ ခဏပဲ။ ကျွန်တော်ပြောတာ ခဏပဲ နားထောင်ပေးပါ ဦးမုဏ်းရယ်"

"Boss"

မမြင်ချင်ဆုံးလူသားပါပဲ။ သူရိန်ဦးကပါ ဝင်ပါလာပြန်သည်တဲ့။

"မင်း ထွက်သွား"

"သွားပါ့မယ် Boss ။ ဒါပေမဲ့ လရောင် စကားလေးကို ပြီးအောင် နားထောင်ပေးပါ။ ပြီးမှ Boss ကြိုက်သလို ဆုံးဖြတ်ပါ"

"ပြော။ "

မုဏ်းဆီမှ ခွင့်ပြုချက်ရတော့ ကောင်လေးက ဝမ်းသာအားရ စကားစတော့သည်။

အဖြစ်အပျက်များမဖြစ်ပေါ်မီ လွန်ခဲ့သော သုံးနာရီခန့် --------------

"ဒေါက်တာ ဘယ်လိုသဘောရလဲ"

ဧည့်ခန်းအတွင်း သူရိန်ဦး၊ ဒေါက်တာနှင့် ရှင်းလရောင်တို့ ထိုင်ရင်း အရေးကြီးကိစ္စဆွေးနွေးနေသည်ကား အခြားမဟုတ်။ မုဏ်း​၏ Trauma ပျောက်ကင်းရန်အတွက်သာဖြစ်တော့သည်။

ထိုအကြံကား ရှင်းလရောင်​၏အကြံသာဖြစ်သည်။ လရောင် မုဏ်းအတွက်တစ်ခုခုလုပ်ပေးချင်သည်။ ဦးဆုံးစတင်သိရှိခွင့်ရခဲ့သည့်အချိန်မှစကာ ဤအချိန်တိုင် မုဏ်းအတွက်ဟူ၍လရောင် မလုပ်ပေးဖူးခဲ့။

ထို့ကြောင့်မုဏ်းမသိစေရန်သူရိန်ဦးနှင့်ဒေါက်တာအား ချိန်းဆိုကာ မုဏ်း ရောဂါပျောက်ကင်းစေရေး တိုင်ပင်ရခြင်းပင်ဖြစ်တော့သည်။

"မင်းပြောတဲ့ နည်းလမ်းလည်းမှန်ပေမဲ့ ဒီလိုနည်းလမ်းကျ သိပ်အဆင်မပြေဘူး"

"လုပ်ပါဒေါက်တာရယ်။ ကျွန်တော်သိတယ်။ ဒီနည်းလမ်းပဲ အဆင်ပြေမှာ။ ဒေါက်တာတို့ ဆေးနည်းအတိုင်းဆို ဦးမုဏ်းကိုပြောလို့ရမှာမဟုတ်ဘူး"

ရှင်းလရောင်စကားကြောင့် ဒေါက်တာနှင့် သူရိန်ဦးက အတော်လေးခေါင်းစားနေပုံသာရတော့သည်။

King Of BossWhere stories live. Discover now