"Boss အဲ့ချာတိတ်ကယုံရပါ့မလား"အနောက်မှတောက်လျှောက်လိုက်လာရင်း ပြောနေသော သူရိန်ဦးကိုလျစ်လျူရှူရင်း ကားဆီသာ ဆက်လျှောက်လာလိုက်တော့၏။
ကားပေါ်တွင် အဆင်သင့်ဆောင်ထားနေကျ ဝတ်စုံများထဲမှ ထုံးစံအတိုင်း မိုးပြာရောင်ရှပ်ကိုသာထုတ်ဝတ်လိုက်သည်။
"ဒီနေ့ ကလေးတွေ မိတ်ဆက်ပွဲမလား"
ပေသွားသည့် ရှပ်အင်္ကျီအားတစ်ချက်ကြည့်ကာ သူရိန်ဦးကိုပစ်ပေးရင်း မေးလိုက်၏။
"ဟုတ်ကဲ့ Boss .... နှစ်နာရီမှ"
တစ်စုံတစ်ခုအမှားအယွင်းဖြစ်သွားသည့် အင်္ကျီဆိုလျှင် နောက်တစ်ကြိမ်ထပ်မံမဝတ်တော့သည့်သူ့ထုံးစံကိုသိသည့် သူရိန်ဦးက စောနေချွတ်လိုက်သည့် ဝတ်စုံအား တစ်နေရာတွင် ပစ်ခဲ့ရန်ပြင်နေ၏။
"ထားလိုက်။ ပင်မင်းကောင်းကောင်းပို့ပေး"
ခပ်ပြတ်ပြတ်ပြောရင်း ကားပေါ်တက်လာမိတော့ အတွင်းရေးမှူးလေးကအနောက်တွင် ကြောင်အမ်းအမ်းကျန်နေခဲ့သည်ကို နောက်ကြည့်မှန်မှတစ်ဆင့်တွေ့နေရသည်။
"သွားမယ်"
သူ့အမိန့်ဆုံးတော့ ဒရိုင်ဘာက စက်နှိုးတော့မှ အပြေးအလွှားကားပေါ်တက်လာသော သူရိန်ဦး။
ကားလေးကတော့ ကမ္ဘာအေးလမ်းမဆီသို့ဦးတည်လျှက်။ အပြင်ဘက်တွင် ရာသီဥတုက မိုးတွေမဲလာလေတော့ မဆီမဆိုင် ထိုကောင်လေးကို သတိရနေမိသည်။
"သူရိန်"
"ဟုတ်ကဲ့ Boss"
"ငါ့ကောင်လေးလုပ်ပေးလို့ပြောလိုက်တာက ချစ်စကား ကြိုက်စကား လား"
အမှန်ပင် သူနားမလည်ခဲ့။ ကောင်လေးဆိုသည်မှာ သူ့ဝန်ထမ်းများကို ခေါ်နေကျ။
သူ သည်မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်စဉ်က ဝန်ထမ်းများကို အလုပ်သမား ဟုခေါ်လျှင် ရိုင်းသည်ဟု ရဲးရယ်ကပြောဖူးသည်။
ထိုအချိန်မှစကာယောက်ျားလေးဆို ကောင်လေး ၊ မိန်းကလေးဆို ကောင်မလေးဟုသာခေါ်လေ့ရှိခဲ့သည်။ဤအချက်အား သူ့ဝန်ထမ်းအားလုံးသိသော အချက်သာ။
ESTÁS LEYENDO
King Of Boss
RomancePrice is just a number. You're world to me Baby ! Art : Ni Ni Win Tun💙