အနမ်းရိုင်း ပန်းရိုင်း ep 9🔞
Zawgyi
မနက်မိုးလင်းကတည်းက ထပြီး နံနက်စာကိုရှောင်ကျန့်ကထပြီး အလိုက်သိသိနဲ့ ပြင်ဆင်ပေးနေလိုက်သည်။ အိမ်သန့်ရှင်းရေးနှင့်တခြားဝေယျာဝစ္စအားလုံးလည်း ရှောင်ကျန့်က ပြောစရာတစ်ချက်ကလေးမှမရှိရအောင်လုပ်ထားတတ်သည်။
အင်မတန်အလိုက်သိပြီး နေတတ်ထိုင်တတ်တဲ့ ကောင်လေးပါ။
ဒီလောက်လိမ္မာရေးခြားရှိသည့် ကောင်လေးတစ်ဦးကို ပိုင်ဆိုင်ထားပါလျက် တန်ဖိုးထားရကောင်းမှန်းမသိတဲ့ ညီဖြစ်သူကို ဒေါသထွက်မိလို့မဆုံးတော့ချေ..............
"ငါ့ကို.....ဘာမျက်စောင်းထိုးတာလဲ ဝမ်နင်း"
"မင်း မဟုတ်သေးပါဘူးကွာ"
"ငါက ဘာမဟုတ်တာလဲ"
"ဒီလောက် လိမ္မာပြီးအလိုက်သိတတ်ပြီး ဖြူစင်တဲ့ကောင်လေးကို မင်းဒီလောက်ထိ မလုပ်သင့်ဘူး သူ့ခမျာမင်းနှိပ်စက်ထားလို့ မျက်နှာမှာအရည်ကြည်ဥတွေသွေးစတွေနဲ့ သူ့ခြေထောက်ကလည်းနာနေတုန်း ဒီကြားထဲ မင်းကြောင့်ခါးအောက်ပိုင်းတွေ နာတာနဲ့ မင်းသိပ်မကြမ်းပါနဲ့ကွာ"
"ငါ့ကြမ်းသွားတယ်ဟုတ်လား မင်းငါ့နေရာဝင်ခံစားကြည့်ပါဦး သူ့အဖေကြောင့်သေရတာငါ့အကျဲကွ.....ငါ့အကျဲ"
"သူ့အဖေကြောင့်မို့လည်း ငါပြောနေရတာကွ သူ့အဖေကိစ္စ သူနဲ့ဘာဆိုင်လို့လဲ မင်းနောက်မှနောင်တရနေမှာစိုးလို့ ငါကြိုသတိပေးတာ"
"ငါဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး နောင်တရစရာအကြောင်းလဲမရှိဘူး သူ့ကိုငါဒီထက်နှိပ်စက်ပြဦးမှာ"
"ငါဘာမှမပြောတော့ဘူး......... ဟျောင့် ဒါပေမယ့် နှိပ်စက်တယ်ဆိုတာလည်း အချိန်အတိုင်းအတာတစ်ခုတော့ ရှိရတယ်"
"................."
"ငါပြန်တော့မယ် ငါ့ဂျူတီချိန်နီးနေပြီ"