အနမ်းရိုင်း ပန်းရိုင်း ep 10
Zawgyi
အိမ်သန့်ရှင်းရေးတွေလုပ်နေသော ရှောင်ကျန့်ကို ဝမ်ရီပေါ် မမှိတ်မသုန်ကြည့်နေသည်။
ကောင်လေးက ရိုးသားပုံပဲ
မတတ်နိုင်ဘူးလေ
ငါ့အကျဲခံစားပြီးသေခဲ့ရသလို မင်းလဲခံစားပြီးသေစေရမယ်ဝမ်ရီပေါ် တွေးလက်စအတွေးတွေကိုဖြတ်ကာ ဝမ်နင်းသို့ဖုန်းဆက်ခေါ်လေတော့သည်။
"ရှောင်ကျန့်"
"ဗျာ"
"ဝမ်နင်း လာရင်ငါ့အခန်းကိုလွှတ်လိုက်"
"ဟုတ်ကဲ့"
ဝမ်ရီပေါ် ပြောပြီးသည်နှင့် အိမ်ပေါ်ထပ်သို့တက်သွားလေသည်။
ရှောင်ကျန့်မှာ သူ့အလုပ်သူသာပြန်ဆက်လုပ်နေ၏။ခဏကြာသော်...........
"တီ.....တီ"
"ဟော.....ဝမ်နင်းကောလာပြီ"
ခြံထဲက ကားဟွန်းတီးသံကြောင့် ဝမ်နင်းမှန်းရှောင်ကျန့်သိလေသည်။
"Hi ရှောင်ကျန့်"
"ဟုတ်ကဲ့ ဝမ်နင်းကော ဆေးရုံမသွားသေးဘူးလား"
်
"အင်း သွားမှာ ရီပေါ်ခေါ်လို့ခဏလာတာ ပြီးရင် ဆေးရုံးတန်းသွားမှာ""ဪ.....ဟုတ်ကဲ့ ရီပေါ်ကော သူ့အိပ်ခန်းမှာစောင့်နေတယ်"
"ဪ.....အင်း ဒါဆိုကိုယ်သွားလိုက်ဦးမယ်"
"..........."
ဟုတ်ကဲ့ ဆိုတဲ့အမူအရာနဲ့သာ နှုတ်ဆက်လိုက်သည်။
ဝမ်နင်း လှေကားလေးအတိုင်းတက်လာပြီး ရီပေါ်အခန်းတံခါးကိုဖွင့်၍ ဝင်လိုက်ပြီး.............
"မင်းငါ့ကိုဘာအရေးကြီးကိစ္စရှိလို့ခေါ်ရတာလဲ မြန်မြန်ပြောငါအချိန်မရဘူး ဒါမှမဟုတ် မင်းကောင်လေးကိုအိမ်ပြန်ပို့ပေးတော့မလို့လား"
"ပေါက်တတ်ကရတွေမပြောနဲ့ သူကငါ့အပိုင် ငါ့အနားမှာပဲတစ်သက်လုံးခေါ်ထားမှာ"