Ep(1)
တီ တီ တီ တီ တီ တီ တီ~~~~
မနက်၈နာရီထိုးပီမို့ နှိုးစက်လေးဟာသူ့အလုပ်သူလုပ်လေပီ"ဟာ......တောက်စ် စောစောစီးစီး ဒီစောက်နှိုးစက်ကတစ်မျိုး"
ညက Barတစ်ခုမှာသူငယ်ချင်းတွေနဲ့အကဲလွန်သွားတာမို့ မနက်၃နာရီကျော်မှ အိမ်ပြန်ရောက်တဲ့ မိုနီကာတစ်ယောက် ဒေါသူပုန်ထနေလေသည်။
ဒေါသထွက်ထွက်နဲ့ နှိုးစက်ကိုထပိတ်လိုက်ပီး စောင်ပြန်ခြုံကာ ပြန်အိပ်ဖို့ပြင်လိုက်သည်။
Ring Ring~~~
"ဟာ......စောစောစီးစီး ဘယ်လူလိုနားမလည်တဲ့ဟာက ဖုန်းခေါ်နေပြန်ပြီလဲမသိဘူး"
မျက်နှာဖြူဖြူလေးမှာ အိပ်ရေးပျက်သွားတာကြောင့်မျက်မှောင်ကြီး ကျုံနေလေပီ စိတ်တိုတိုနဲ့သက်ပြင်းချကာ ဖုန်းကိုကြည့်လိုက်တော့ ချစ်သူငယ်ချင်းကြီးဖစ်နေသည်။
"ဟဲ့ ဘာလဲ ငါဒီမှာ အိပ်နေတယ် နင်နားမလည်ဘူးလား ညကအရှိန်နဲ့ခေါင်းကိုက်ရတဲ့အထဲ ဘာလဲ ပြောစရာရှိတာ မြန်မြန်ပြော ပီးရင်ပြန်အိပ်မလို့ စောစောစီးစီးဟာ ဘာမှန်းမသိဘူး"
မိုနီကာတစ်ယောက် ဖုန်းစကိုင်ထဲက ဒေါ်သထွက်ထွက်နဲ့ ဆက်တိုက်ပြောနေသည်မို့ သူယ်ချင်းဖြစ်သူ ဆူဈန် နင် သွားသည်။
"အောင်မလေး ဟဲ့ မမမို ဒီမှာ မစောတော့ဘူးဟဲ့ 8:15 ဖစ်နေပီ နင် ဒီနေ့ကျောင်းတက်ရမယ်ဆိုတာ သတိရသေးပါတယ်နော် မြန်မြန်ထပီးကျောင်းလာ နင့်အကြောင်းသိလို့ ဖုန်းဆက်လိုက်တာ ထင်တဲ့အတိုင်းပဲ နောက်တစ်နာရီလောက်နေရင် အတန်းစတော့မှာနော် မြန်မြန်လာခဲ့ "
"ဟာ.....မတက်လဲ ရတာပဲကို ပုံမှန်လဲ မတက်တဲ့ဟာကို နင်ကဘာလာကြောင်နေတာလဲ မလာဘူး ငါအိပ်ချင်တယ် အိပ်အုံးမှာ နင့်ဘာသာနင်ပဲတက် ဘာလာစောက်စကားရှည်နေလဲမသိဘူး အိပ်တော့မယ်"
"ဟဲ့ ခနနေအုံး နင်ငါပြောမယ့်စကားကို ကြားရင်အခုချက်ချင်း ကျောင်း လာချင်သွားမယ်နော်အချေလေး"
"ဘာအကြောင်းလဲ မြန်မြန်ပြော ၃မိနစ် အချိန်ပေး မယ် ပီးရင်ဖုန်းချလိုက်တော့ "

YOU ARE READING
အမုန်းမှသည်
Romanceပထမဆုံးစရေးတဲ့ficလေးပါblကိုအရမ်းရေးချင်ပေမယ့် ယု အရင်ထဲက စဉ်းစားထားတဲ့ဇာတ်လမ်းလေးမို့ အားပေးကျပါအုံး အခုမှစရေးတာမို့ အမှားပါရင်လဲခွင့်လွှတ်ပေးကျပါ ❤️ ဒီ ficလေးကိုတော့ ယု နှစ်ရက်တစ်ပိုင်းနှုန်းနဲ့ပုံမှန်upပေးသွားပါမယ်ရှင့် ချစ်တဲ့ ယု😝❤️