"မြေထဲပင်လယ်ထဲက ဆာဒီးနီးယားကျွန်းမှာပြုလုပ်လေ့ရှိတဲ့ ယစ်ပူဇော်ပွဲတစ်ခုရှိတယ်။ရာဇဝတ်သားတွေ အိုမင်းမစွမ်းတဲ့သူတွေကို အဆိပ်တစ်မျိုးကျွေးပြီး အဆိပ်တက်လာတော့မှ ရိုက်သတ်တာတွေ ကမ်းပါးအမြင့်က ပစ်ချတာတွေလုပ်ကြတယ်။အဲအဆိပ်ပင်ရဲ့ အာနိသင်ကတော့မချိမဆန့်ပြုံးခြင်းတဲ့။
အဲ့သည် မချိမဆန့်အပြုံးကို
Sardonic Smile ၊ Risus Sardonicus လို့ခေါ်ခဲ့ကြတယ်။
အဲ့အဆိပ်ကိုဖြစ်စေတဲ့ အဆိပ်ပင် သုံးမျိုးထဲက တစ်မျိုးကသေမင်းလက်ချောင်းပင် Oenanthe Crocata တဲ့။"ညနေက ကော်ဖီတစ်ခွက်သောက်ထားမိတဲ့အရှိန်နဲ့ အိပ်မပျော်တာကြောင့် Facebook သုံးရင်းမှတ်စုကြမ်း Groupထဲက Sardonic Smileအကြောင်း ဖတ်နေမိတယ်။ ပြုံးပြုံးလေးသေလို့ရတဲ့ အဆိပ်ပင်သုံးပင်အကြောင်းပေါ့။ ဒါပေမယ့် ပျော်ရွှင်ပြီး ပြုံးရတဲ့အပြုံးမျိုးတော့မဟုတ်ဘူး မျက်နှာကြွက်သားတွေတင်းလာပြီး
နာကျင်စွာ ပြုံးရတဲ့အပြုံးမျိုးပေါ့။ ဘာရယ်ကြောင့်မှန်းမသိဘဲ အဲ့သည်post လေးဖတ်နေရင်းသူမကို အဦးဆုံးသတိရမိတယ်။ နာကျင်စွာပြုံးရတဲ့ အပြုံးတဲ့။ ကိုယ်ရော အဲ့သလိုပြုံးဖူးသလား။ အင်း ပြုံးဖူးတာပေါ့။ သူ့ရဲ့ သူငယ်ချင်းအရေခွံခြုံထားတဲ့ ဝံပုလွေ တွေနဲ့အတူရှိနေတတ်တဲ့ သူမကို လှမ်းနူတ်ဆက်ရတဲ့အချိန်တိုင်း ကျွန်တော်ဒီလို အပြုံးမျိုး ပြုံးဖူးတာပေါ့။
နာကျင်စွာပြုံးရတဲ့ အပြုံးလေ။ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လာရင်
ခပ်လွယ်လွယ်ကွဲကြေတတ်တဲ့ ကျွန်တော့်မေတ္တာတရားတွေအတွက် ကျွန်တော်ချစ်ရမှာကြောက်လာတယ် ။အခြားသူနဲ့
နိူင်းယှဥ် ရွေးချယ်ခံရတဲ့ ပြိုင်ပွဲမျိုးမှာ ကျွန်တော်ဟာ ဘိတ်ဆုံးကပန်းဝင်ရတာချည်းပါပဲ။ ထိလွယ်ရှလွယ်ဖြစ်တည်မှုကလေးနဲ့ ကျွန်တော့်နှလုံးသားကို
ကံတရားက သူမဆီလက်တို့ခဲ့တယ်။
အသည်းကွဲဖို့ လုံလောက်တဲ့ အခြေနေတစ်ခုထိ နီးကပ်ခဲ့တဲ့ရင်းနှိီးမှုမျိုးနဲ့ပေါ့။
စကားတွေပြောတယ် ၊ တူတူရှိခဲ့တယ်၊မျက်နှာချင်းဆိုင်ထိုင်ရင်း
စာရှင်းပြကြတယ်၊ ဆိုင်ကယ်တူတူစီးပြီး သူလိုရာခရီးတွေကို ပို့ဆောင်ပေးခဲ့ဖူးတယ်၊ မုန့်တူတူစားတယ်၊ နွေးထွေးတဲ့အကြည့်လေးတွေနဲ့ ညင်သာကြည်ဖြူခဲ့ကြဖူးတယ်၊ ပြီးတော့ကျွန်တော့်ဘက်က ချစ်ခြင်းမေတ္တာကို ဖွင့်ဟမိတယ်၊
အခြားသူနဲ့နိူင်းယှဥ်ရွေးချယ်ရင်း
ပညာသားပါပါငြင်းပယ်ခံရတယ်။
ဒါပါပဲ။ ကြားရသူအတွက်
ရိုးရှင်းလှပေမယ့် ခံရသူအတွက်တော့
နင့်နင့်နာနာပါ။ သူ့အကြောင်းတွေးမိနေရင်း ပြတင်းတံခါးဆီငေးမောမိတော့ မိုးစက်လေးတွေ ကျွန်တော့်ကိုသနားနေကြတယ်ထင်ပါရဲ့ တိတ်တိတ်လေးလာနားထောင်နေကြတယ်။
အဲ့ညကမိုးတွေကလဲသည်းလိုက်တာ
အပြင်မှာရော ကျွန်တော့်ရင်ထဲမှာရော တစ်ညလုံး တစ်ချိန်လုံးပါပဲ။
YOU ARE READING
လွတ်ကျခဲ့ဖူးသော မေတ္တာအပိုင်းစများ
Truyện Ngắnပုဂံကိုခရီးသွားတုန်းက ရခဲ့တဲ့ ဇာတ်လမ်းလေးတွေကိုတင်ပြထားတဲ့ အက်ဆေးလေး ၃ပုဒ်ပါ။