မှတ်မှတ်ရရ စက်တင်ဘာ၂၉မှာ
ကျွန်တော်ဟာညရထားနဲ့ မန္တလေးဘူတာကနေ ပုဂံကို ခရီးနှင်ခဲ့တယ်။
ဘူတာကနေစတင်ထွက်ခွာလာကတည်း
ရထားတွဲလေးဟာ သူမကိုမြင်တိုင်း
အတိုင်းဆမသိခုန်နေတတ်တဲ့ ကျွန်တော့်ရင်ခုန်သံတွေလိုပဲယိမ်းထိုးနေရှာတယ်။ ရထားရဲ့အရှိန်ပြည့်လှုပ်ရမ်းနေမှုကြောင့် စိတ်ပြောလက်ပျောက် ဖတ်ဖို့ယူလာတဲ့
စာအုပ်ကို ပိတ်လိုက်ပြီး အာရုံတွေကို ရထားပြတင်းဆီ ဦးတည်လိုက်တယ်။ စွတ်စိုစို လေနု ကလေးတွေ ရထားပြတင်းဆီက ကျွန်တော့်ဆီတိုးဝင်လာကြတယ်။ကောင်းကင်ပြင်ကြီးကိုကြည့်မိတော့ မဲပြာရောင်မှောင်နက်နေတယ်။
လမင်းကြီးပျောက်လို့ရှာနေတဲ့ ကြယ်ကလေး တစ်လုံးစ နှစ်လုံးစနဲ့ ဟိုးအဝေး ခပ်ပြပြမှာမြင်ရတဲ့ မြို့ပြဆီက လမင်းကြီးကို လွမ်းနေရှာတဲ့ ကြယ်ကလေးကတော့ ရထားပေါ်မှာခရီးနှင်နေတယ်။ ကျွန်တော်ဟာလဲ လမင်းပျောက်ခဲ့တဲ့ကြယ်ကလေးရယ်ပါ။ရထားတစ်တွဲလုံးမှာ ကျွန်တော်ကလွဲလို့ ကျန်ခရီးသည်တွေအိပ်မောကြနေကြပုံရတယ်။ တိတ်ဆိတ်ငြိမ်သက်လို့ပေါ့။
နာရီကိုကြည့်တော့မနက် ၂နာရီ ၃၅မိနစ်။ နောက်ထပ် ၃နာရီလောက် ခရီးနှင်ပြီးရင်
ပုဂံမြို့ဟောင်းဆီရောက်တော့မယ်။ရာဇဝင်တွေ၊ ဒဏ္ဍာရီတွေ ၊ချစ်ခြင်းမေတ္တာတွေ၊ သစ္စာတရားတွေလွှမ်းခြုံထားတဲ့ မြို့ကလေးပေါ့။ အဖော်အသင်းကိုယ်စီနဲ့
အိပ်မောကျနေတဲ့ သူတို့ကိုကြည့်ရင်း
ကျွန်တော့်စိတ်တွေနာကျင်လာတယ်။တကယ်ဆို ဒီခရီးဟာ သူ အသွားချင်ဆုံးခရီးတစ်ခုပါ။ဒါပေမယ့် ဘယ်သူကိုမှအသိမပေးဘဲကျွန်တော် တစ်ယောက်ထဲပဲ
ထွက်လာခဲ့တယ်။ တစ်နည်းပြောရရင် ကျွန်တော်ဟာ ရှောင်ပြေးလာခဲ့တာပါ။ပိုင်ဆိုင်ခွင့်မရှိခဲ့တဲ့ မေတ္တာတရားတစ်ခုအတွက်ကျွန်တော် ထပ်ပြီးဆုံးရှုံးရမှာကြောက်မိလို့ ထွက်ပြေးလာခဲ့တာပါ။
YOU ARE READING
လွတ်ကျခဲ့ဖူးသော မေတ္တာအပိုင်းစများ
Короткий рассказပုဂံကိုခရီးသွားတုန်းက ရခဲ့တဲ့ ဇာတ်လမ်းလေးတွေကိုတင်ပြထားတဲ့ အက်ဆေးလေး ၃ပုဒ်ပါ။