~Zawgyi~
~ညီအစ်ကိုတို့! ဝိုင်းကိုက်ကြစို့!!~မနက်ခင်း၌ မျက်လုံးအစုံကို ဖွင့်လိုက်သည့်အချိန်တွင် သူအိပ်နေသည့် အိပ်ရာမှာ သူ၏ နတ်ဘုရားလေး အိပ်ရာဖြစ်နေသည်ကို စုချန်း သိလိုက်ရ၏။
နတ်ဘုရားလေးဟု သူနာမည်ပြောင်ပေးထားသော ထိုလူသားနာမည်မှာ လင်းရှီ ဖြစ်သည်။
လင်းရှီ - အရပ် 1.85 m (6'2"နီးပါး) မြင့်တဲ့ ခြေတံရှည်ရှည်တွေနဲ့ ဘဏ်မန်နေဂျာတစ်ယောက်၊ မဖြူမညိုအသားအရည်၊ ချောမောပြေပြစ်တဲ့ မျက်နှာနဲ့ တည်ငြိမ်တဲ့ စိတ်နေစိတ်ထားရှိသူ။ စုချန်း နေတဲ့အိမ်ရဲ့ မျက်နှာချင်းဆိုင် အိမ်၌နေသူ။ သူတို့က အိမ်နီးချင်းတွေ ဖြစ်ပေမဲ့ လင်းရှီက တသီးတသန့်နေတက်တဲ့ လူစားမျိုးဖြစ်တာကြောင့် သိပ်မရင်းနှီးကြဘူး။
ထို့အပြင် ရုပ်ရည်ချောမောခြင်းကို နှစ်သက်သူ ပီသသော စုချန်းက လင်းရှီကို တဖက်သတ် သဘောကျနေခဲ့တာ အတော်ကြာပြီဖြစ်သည်။ သို့ပေသိ စာလုံးများရိုက်ရင်း အသက်မွေးဝမ်းကြောင်းနေရသူ စုချန်းမှာ သူနဲ့ လင်းရှီကြား ပတ်သက်မှု့တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ချက်မထားပါ။ အဆင့်တိုးရန်လည်း မကြိုးစားပဲ တိတ်တဆိတ်သာ တဖက်သတ် သဘောကျနေခဲ့၏။
မနေ့ညက စုချန်းတစ်ယောက် မနက်၃နာရီထိ မနားတမ်း အလုပ်လုပ်နေခဲ့ပြီး ကွန်ပျူတာ စားပွဲပေါ်မှာပဲ အိပ်ပျော်သွားခဲ့သည်။ ရလဒ်ကတော့ သူမနက် မျက်လုံးဖွင့်လိုက်တဲ့ အချိန်မှာ....
လင်းရှီက အိပ်ပျော်နေဆဲပဲ။ ပြတင်းပေါက်ရဲ့ လိုက်ကာကြားကနေ လင်းရှီရဲ့ မျက်နှာတည့်တည့်ကို နေရောင်ခပ်ဖျော့ဖျော့က ဖြာကျနေသည်။ နက်မှောင်ပြီး ရှည်လျားတဲ့ မျက်တောင်မွှေး ထူထူတွေက အိပ်ပျော်နေသူ၏ ခပ်လတ်လတ် အသားအရည်ကို တန်ဆာဆင်ပေးထားသည်။ စုချန်းမှာ လင်းရှီ၏ မျက်နှာအား အံ့အားသင့်မှု့ကြောင့် ယောင်တောင်တောင်ဖြင့် အတော်ကြာ မလှုပ်မယှက် စိုက်ကြည့်နေမိ၏။
'မဟုတ်မှလွဲရော ငါမနေ့ညက အိပ်ရင်းနဲ့ယောင်ပြီး လမ်းထလျှောက်ရာကနေ နတ်ဘုရားလေးရဲ့ အိပ်ရာပေါ်ရောက်လာတာလား!?' စုချန်းတွေးလိုက်၏။
YOU ARE READING
Bark!? <<Myanmar Translation>>
Short StoryTitles - Bark!? / 汪汪汪!? Author - Lu TianYi / 吕天逸 Total chapters - Completed, 15 chapters ⚠⚠ This is the Burmese/ Myanmar translation of a Chinese Web-Novel with same name . This Story doesn't belong to me .I just Translate it into my mother-languag...