⭐2⭐

318 70 2
                                    

~Zawgyi~
~အမွှေးပွပွ ခွေးခေါင်းလေးကို လင်းရှီက...~

စုချန်း ခမျာ ထိတ်လန့်မှု့ကြောင့် တစ်ကိုယ်လုံး ကြက်သီးများထလာသည့်အပြင် ဖင်ပါကြုံ့သွားရပြီး လင်းရှီကိုယ်ပေါ်မှ မဆင်းရသေးပဲ ရှူးပေါက်ချချင်သလိုလိုပင် ဖြစ်လာရ၏။

လန့်ဆို ဟိုခွေးအုပ်တစ်အုပ်လုံးက သူ့ကို တစစီဆွဲဖြဲဖို့ တာဆူနေကြတာကိုးလို့။

"ဝုတ် ဝုတ် ဝုတ်!"

'မ...မလုပ်ကြပါနဲ့!'

စုချန်းတစ်ယောက် မျက်နှာများ ပြာလာသည့်တိုင် အော်ပြောလိုက်ရင်း အားကိုးရာ ရလိုရငြားဖြင့် လင်းရှီ၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်၏။

"မင်းဘော်ဒါတွေနဲ့ သွားကစားလေ" လင်းရှီက စုချန်းရဲ့ ကြောက်ရွံ့နေမှု့ကို သတိပင်မထားမိပါ။ ထိုအစား လင်းရှီက စုချန်းကို ခွေးအုပ် အလည်တည့်တည့် ချပေးလိုက်၏။

စုချန်း တစ်ခါတုန်းက လင်းရှီ၏ အိမ်တွင် ရှိသော ခွေးအကောင်ရေကို ရေထားဖူးပါ၏။ စုစုပေါင်း ၆ကောင်။ ၆ကောင်လုံးက toy poodle တွေချည်းပဲ။ လင်းရှီက တကယ့်ကို toy poodle crazy ကြီး!!

အခုတော့ သူအပါအဝင် နောက်ထပ် ၅ကောင်။

စုချန်း ကြမ်းပြင်ပေါ်ကို ခြေချလိုက်မိတဲ့ အချိန်မှာပဲ အနှီရန်လိုနေသော ခွေးပေါက်၅ကောင်က သူ့ခန္ဓာကိုယ် သေးသေးလေးကို ပြေးအုပ်လိုက်ကြသည်။

စုချန်း မှာတော့ လုံးဝ ကူကယ်ရာမရဖြစ်သွား၏။ နောက်ဆုံး မကျေနပ်စွာပဲ ဒေါသတကြီး ထအော်လိုက်သည်။ "ဝုတ် ဝုတ် ဝုတ်!!!"

'အခုလေးတင် မင်းဇနီးလောင်းကို ကျားတွင်းထဲ ကိုယ်တိုင် ပစ်ချလိုက်တယ်ဆိုတာ သိရဲ့လား!!

သို့ပေသိ ၁၀စက္ကန့်အကြာမှာတင် စုချန်း နားလည်လိုက်သည်ကား.....အနှီ toy poodle ၅ကောင်လုံးသည် မိန်းမစိုးကြီးများ ဖြစ်နေကြသည်ကိုသာ။

သူတို့က သာမန်ခွေးမိတ်လိုက်သလို ပုံစံမျိုးတွေ လုပ်နေကြပေမဲ့ တစ်ကောင်မှာမှ မိတ်လိုက်စရာ ပစ္စည်း အကောင်အထည် ရှိမနေချေ။ အားလုံးသည် ကုန်းကုန်း များသာ။

Bark!? <<Myanmar Translation>>Where stories live. Discover now