Part 3( Uni&Zaw)

1.3K 108 7
                                    

Yi of Light

Part 3(Unicode)

''ဘာပြောတယ် ပြန်ပြောပါဦး ဝမ်ရိပေါ်´´

''ယောကျ်ားတောင်းပေးလို့´´

''ဘယ်ကယောကျာ်းတောင်းပေးရမှာလဲ´´

''ပေါက်ကရတွေမပြောစမ်းနဲ့´´

''တကယ် အတည်ပြောနေတာ´´

''အမည်ကရှောင်းကျန့်ကောတဲ့ အရမ်းချောတာ အရမ်းလဲချစ်ဖို့ကောင်းတယ်´´

''သူများဆီမပါခင် သားအပိုင်ဖြစ်အောင် လို့ လိုက်တောင်းခိုင်းတာပါ မားမား´´

''နင်တို့က အဲ့အဆင့်ထိ ရောက်နေလို့လား နင်မပိုင်ပဲနဲ့တော့ ငါတို့ကို အရှက်မခွဲနဲ့နော်´´

''အာာ မားလဲ ပိုင်အောင်အရင်တောင်းခိုင်းတာပါဆိုနေ တောင်းပေးနော် မပေးရင် သားက ခိုးပြေးမှာ´´

''အဲ့ခါကျမှ မိန်းမခိုးတာမဟုတ်ပဲ ယောကျ်ားခိုးတယ်ဆိုပြီးအပြစ်မတင်နဲ့´´

''ဟဲ့ ကောင်လေး ပေါက်ကရတွေကပြောပြီ´´

''မင်းပြောပုံအတိုင်းဆို  ချစ်သူတွေတောင်မဟုတ်သေးဘူးပဲ´´

''မင်းအဲ့အဆင့်ထိမရောက်သေးပဲ မားမားတို့လိုက်တောင်းခိုင်းတော့ ဟိုကငြင်းလိုက်ရင် အရှက်ကွဲရချည်ရဲ့´´

''ပိုင်ပြီဆိုပြော လိုက်တောင်းပေးမယ် ဘယ်သူဖြစ်ဖြစ် မင်းချစ်တယ်ဆို သဘောတူပြီသား´´

''မင်းလို အဆိုးကိုငါတို့လဲထိန်းရသက်သာမနည်း မင်းပြဿနာတွေလဲ လိုက်မရှင်းပေးရတော့ဘူးပေါ့´´

''မားမား တကယ်ပြောတာနော် သားအပိုင်ဆိုတာနဲ့လိုက်တောင်းပေးရမှာနော်´´

''အင်း ဟုတ်တယ် တကယ်ပြောတာ ´´

''အိုကေ ပိုင်အောင် သွားကြိုးစားလိုက်ဦးမယ်´´

''အခုကိုပြန်သွားမှာလား မနက်စာလေးဘာလေးစာသွားဦးလေ အိမ်ပြန်လာတာ တစ်ရက်ပြည့်အောင်အိမ်ကပ်မယ်မရှိဘူး´´

''အိမ်မှာနေဖို့ထက် ကောကိုသားအပိုင်ဖြစ်ဖို့ကပိုအရေးကြီးလို့ သွားပြီ ပါးပါးမားမား´´

Yi of Light (Complete)Donde viven las historias. Descúbrelo ahora