သိမ်မွေ့လှတဲ့နေရောင်နှင့်အတူ ဒီနေ့နံနက်ခင်းမှာတော့ KS နွေးထွေးစွာနဲ့ နိုးထလာခဲ့တယ်။ ဒီနေ့မှာတော့ KS အရင်နေ့တွေနဲ့မတူစွာ လွတ်လပ်ပေါ့ပါးနေတယ်။ ဟုတ်သည်လေ သူမှာဟန်ဆောင်ဖုံးကွယ်မှုတွေမှ မရှိတော့တာ။ ဒီနေ့ Chan နဲ့တင်မဟုတ်ဘဲ Baek တို့ Kai တို့ နဲ့ပါ ချိန်းထားသည်လေ။ သူတို့နဲ့ မတွေ့တာ တော်တော်ကိုကြာနေပါပြီ။ Chen နဲ့ Baek ကတော့ သူ့ကိုတွေ့ရင် ပြသာနာရှာမှမြင်ယောင်နေတယ်။ KS အိပ်ရာကနိုးနေပေမဲ့ ကုတင်ပေါ်မှာထိုင်ကာ Baek တို့အကြောင်းတွေးနေစဥ်မှာပဲ Chan ဆီက ph ဝင်လာခဲ့တယ်။
KS : " ဟယ်လို Chan "
Chan : " နိုးပြီလား Soo "
KS : " omm နိုးနေပြီ "
Chan : " နိုးပြီဆိုပြီးကုတင်ပေါ်ထိုင်ပြီး ပြန်ငိုက်မနေနဲ့နော် "
KS : " အာ ဘာတွေလျှောက်ပြောနေတာလဲ ငိုက်စရာလား ။ "
Chan : " ဟုတ်ပါပြီကွာ ကိုယ်က မမြင်ရတော့ ခင်ဗျားလေးပြောတာပဲ ယုံရတာပေါ့ "
KS : " Chan နော် ။ လူကို မယုံသင်္ကာနဲ့ ဟွန့် "
Chan : " ဟား ဟား ကိုယ်က စတာပါကွာ။ နိုးပြီဆိုလို ပြင်ဆင်ထားတော့ ကိုယ်လာခေါ်မယ် "
KS : " omm "
Chan : " ဘာ omm လဲ ။ ဒီကောင်လေးတော့ "
KS : " ဟာ တကယ်ပဲ ။ သိပြီလို ပြင်ဆင်ထားလိုက်မယ် "
Chan : " အဲ့လိုလိမ္မာပါ ကလေးရာ "
KS : "ဟွန့် ဒါပဲ မလား ph ချလိုက်တော့မယ်။ "
Chan : " ချစ်တယ် Soo "
KS : " Soo ရောဘဲ "
ဟုဆိုကာ ph ချသွားသော KS ရယ်ပါ။ သူ့ဘာသူပြောပြီး ရှက်နေသေးတာ။ မျက်နှာပူပူနဲ့ ရေချိုးခန်းထဲ ပြေးဝင်သွားတော့တယ်။
Chan ကတော့ ph ကြီးကိုင်ပြီးပြုံးစိစိနဲ့
Chan : " ဟက် ချစ်တယ်လို့မပြောဘဲနဲ့တောင် သူက ရှက်နေသေးတာ။ တကယ့်ဟာလေ တွေ့မှ အပြစ်ပေးရမယ်။ ချစ်တယ် လို့မပြောဘဲ ph ချသွားတဲ့ ကလေးစုတ်ကို "
Chan ကတော့ ph ကိုင်ပြီး တစ်ယောက်ထဲ စကားပြောကာ သူလည်းရေချိုးခန်းထဲ ဝင်သွားတော့တယ်။