ဆောင်းဦးရဲ့အဖြူရောင်နှင်းငယ်လေးများစတင်ကျဆင်းချိန်
အသည်းခိုက်အောင်ချမ်းနေသောရာသီဥတုဒဏ်ကိုခံကာအိမ်သို့လှမ်းနေသောခြေလှမ်းတို့သည်လည်းနှေးကွေးလှသည်
မှောင်ရီပျိုးနေပြီဖြစ်တာကြောင့်ကြောက်လန့်စိတ်တို့ကလည်းတထောင့်တနေရာမှပါဝင်အားဖြည့်လျှက်

အရမ်းကြီး မချမ်းသာသော်လည်းကျတော့်
ကိုဆေးကျောင်းထားပေးကြတယ်
ကျတော်တကယ်ဝါသနာပါတာက
ဓာတ်ပုံရိုက်ရတာ photographer ပေါ့
ဗျာ

နှင်းကျနေတာမို့လူတော်တော်ပါးတယ်
လမ်းပေါ်မှာသူတစ်ယောက်တည်းလို့တောင်
ပြောလို့ရတယ်

ထိုစဥ်

"အင်း..... အင်း..... အင်း"

ဘာသံကြီးလဲဟဒီလိုနေရာဒီလိုအချိန်
မှာဘုရား.. ဘုရား

"အင်း... အင်း..... အင်း"

ဟာကြားရ ပြန်ပြီ

ထိုအချိန်မှမနေ့ကကြည့်ထားတဲ့သရဲကားမှသရဲမပုံရိပ်တို့မျက်လုံးထဲတစီတတန်း မြင်ယောင်လာတော့‌ကြောက်စိတ်တို့ကဖုံးဖိမရ

"ငါမကြောက်ဘူး ငါယောက်ျား"

သို့ပေမယ့်ခြေလှမ်းတွေကတွန့်ဆုတ်နေ၏
အသံဟာလည်းတဖြည်းဖြည်းကျယ်လာသလို jinတစ်ယောက်လျင်မြန်စွာလျှောက်နေမိလေလေ အသံဟာပိုပိုနီးလာလေလေဖြစ်သည်။

ဟိုမှာဘာကြီးလဲ

နှင်းတွေကျနေတာမို့အမြင်တွေလည်းမှုန်ဝါးနေပါတယ်လမ်းမီးတိုင်ဟာလည်းအနည်းငယ်သာလင်းနေသည်

ငါဆက်သွားသင့်လား အင်မသွားရင်လည်းမဖြစ်ပြန်ဘူး

အသံထုတ်လွှတ်နေသောအရာနားသို့ရောက်လာတော့သည်အနီးနားရောက်တော့ထိုအရာကလူတစ်ဦးပင်

"လူပါလား"

အေးချမ်းလှသောရာသီဥတုတွင်ပါးလပ်လှသောအကျီ°°တို့ကြောင့်အသားတို့မှာလည်းအပြင်မှာကျနေသောနှင်းစက်တို့ထက်အေးစက်လှသည်

The Vampire Boy-Taejin[Complete]Where stories live. Discover now