"အား.... အမေရေ ကယ်ပါ"
အလုပ်လုပ်နေကျစားပွဲပေါ်မှလှလှပပလေးပြုတ်ကျခဲ့ပြီ
"ဘာအိမ်မက်ကြီးလည်း....ကြောက်စရာကောင်းလိုက်တာ"
ကြောက်လန့်မှုတို့နှင့်အတူအံ့သြခြင်းတို့ပါ ရောယှက်နေ၏
*အရင်က ဒီလိုကြောက်စရာကောင်းတဲ့ဟာကြီးမမက်ဖူးပါဘူး*
ထိုစဥ်
ကျောထဲစိမ့်ကနဲ ဖြစ်သွားသည်။တစ်ယောက်ယောက်ကစိုက်ကြည့်နေသလိုခံစားရတယ်"Boyarr...ရုတ်တရက်ကြီးချမ်းလာသလိုပဲ"
အမှတ်မထင်ကုတင်ထက်ကလူကိုကြည့်ကြည့်မိတော့သူ့ကိုအစိမ်းလိုက်ဝါးစားတော့မယ့်အတိုင်းစိုက်ကြည့်နေပါသောထိုလူသား
"နိုးလာပြီလား... ဖြစ်နိုင်ရင်လေအိမ်မ ပြန်ပါသေးနဲ့လား...အားတော်တော်နည်းနေတယ် ပြီးတော့အပူချိန်ပုံမှန်ဖြစ်ဖို့လည်းလိုနေတယ်"
ကြောက်မတ်ဖွယ်အကြည့်တို့နှင့်စိုက်ကြည့်နေပုံမှာလည်းအူတွေအသည်းတွေပြုတ်ထွက်မတတ်ကြောက်စရာကောင်းလှပါတယ်
လူနာဖြစ်သူမှာသူ့လက်တွင်တပ်ဆင်ထားသောဆေးပိုက်အချို့ကိုအကြမ်းပတမ်းဆွဲဖြုတ်လိုက်လေသည်
ကြမ်းတမ်းတာကြောင့် Seokjinလည်းကြောင် ကြည့်နေမိသည်
လူနာဖြစ်သူကထမယ် ကြံတော့အားမရှိတဲ့ ခန္ဓာကိုယ်ကကျောက်ခဲဖိခံထားရသလိုလေးပင်နေသောကြောင့်မတတ်နိုင်ပဲပြန်အိပ်နေရသည်"ဟေ့လူ....အောက်ထပ်မှာဆန်ပြုတ်ပြုတ်ထားပေးတယ်မအေးသေးလို့ထည့်မပေးတော့ဘူးဆင်းပြီးစားလိုက်ဦးနော် ကျတော်တော့ဒီနေ့လေ့လာရေးဆင်းရမှာမို့သွားပြီဗျို့"
"ငါလူသားတစ်ယောက်နဲ့အတူရှိနေတာလား"
ခုန်ဆွခုန်ဆွနဲ့သွားနေသည်မှာယုန်ပေါက်လေးအလား ခုန်နေတဲ့ခြေထောက်တွေကိုငုံ့ကြည့်နေတုန်းရှေ့က လမ်းမီးတိုင်နဲ့မျက်နှာနဲ့ဝင်စောင့်ပါလေရော🤣
"တိန်"
"မင်း...."
မီးတိုင်ကိုရန်ရှာနေရင်းကနေ နှုတ်ခမ်းပေါက်သွားမှန်းသိတော့ပိုလို့ဒေါသထွက်ကာမီးတိုင်ကို ခြေထောက်နဲ့ကန်လိုက်လက်နဲ့ရိုက်လိုက်နဲ့ပင်
YOU ARE READING
The Vampire Boy-Taejin[Complete]
Vampireလူသားအထင်နှင့်ကူညီဖို့ရာခေါ်လာခဲ့ပြီးမှ ခေါ်လာခဲ့တဲ့သူမှာလူသားမဟုတ်သောအခါ