38

5.8K 692 112
                                    

လမ်းခုလတ်တစ်နေရာတွင် ယှဉ်ရက်
‌လျှောက်လာကြသောအမျိုးသမီးနှစ်ယောက် ။
နှစ်ဦးသားမှာ အလှကိုယ်စီဖြင့် ပတ်ဝန်းကျင်ရှိ
ယောကျာ်းထု၏အာရုံများအား ဆွဲငင်ထားသည် ။
တစ်ဦးမှာ ချစ်စဖွယ်ကောင်းသောအလှမျိးကို
ပိုင်ဆိုင်ထားပြီး နောက်တစ်ဦးမှာမူ
တည်ငြိမ်ရင့်ကျက်သော မမတစ်ယောက်၏
အသွင်ကို ပိုင်ဆိုင်ထားသည် ။

နှစ်ဦးသားသည် ‌ခြေလှမ်းမှန်မှန်ဖြင့်
အလိုရှိရာ‌နေရာသို့ ဦးတည်သွားနေကြသည် ။

" စိတ်လှုပ်ရှားနေတာလား "

" ဘာကိုလဲ "

" ရိပေါ်က နေရာဝင်ယူသွားမှာကို "

ယန်းကျိသည် မချိတင်ကဲဟန်ဖြင့်
အဟင်းခနဲရယ်ချလိုက်တယ် ။
ထို့နောက် လက်ပိုက်ကာဟန်ပါပါလျှောက်နေသော
ရှောင်ယုံဘက်ကို မျက်နှာမူကာ

" ရှင်က ရယ်စရာ‌ပြောတတ်တာပဲ
ဝမ်ရိပေါ်က အမှုန်အမွားသာသာပါ "

" မင်းကြည့်ရတာ ‌ကြောက်နေသလိုပဲ ...
မဟုတ်ဘူးလား ? "

ယန်းကျိမျက်နှာက ကြိတ်မနိုင်ခဲမရစွာ
တစ်စစအံ့ဩဘက်သို့‌ပြောင်းသည် ။
ရှောင်ယုံရုံက ဘာလို့ ဒီလိုတွေ‌ပြောနေရတာလဲ ?

ဤစကားလုံးများက မိမိမာနကို
ပျက်ရယ်ပြုသည်ဟုသူမထင်သည်။

" ကျမနေရာကို သူ့လိုယောကျာ်းတစ်ယောက်က
ဝင်ယူနိုင်မယ်လို့ ရှင်ထင်နေတာလား
အံ့ဩစရာပဲ ။ "

" ကျမနေရာဆိုတော့ မင်းနေရာက
ဘယ်လိုမျိုးလဲ ။ မရမက တွယ်ကပ်နေတဲ့
စတိုင်လ်ကို ဆိုချင်တာလား "

ရယ်ကျဲကျဲဖြင့် ယုံရုံက အပေါ်စီးကနေ
ယန်းကျိကို ငုံ့ကြည့်ပြီး‌ပြောတယ် ။

" ရှင်ကအရင်လိုပဲနော် ကိုယ့်ကိုကိုယ်
အထင်ကြီး‌တဲ့စိတ်က တစ်ပြားသားမှ ‌လျော့မလာဘူး "

" အဲ့ဒီလိုဖြစ်သွားလား "

ရှောင်ယုံရဲ့ ဝင့်ခနဲအပြုံးက သူမအား
အနေရခက်စေသည် ။

အရှေ့ကိုရှေ့ဆက်လျှောက်နေသည့် ယုံရုံကို
ယန်းကျိ စကားတစ်ခွန်းလှမ်းဆိုသည်။

All Eyes On You { Completed }Where stories live. Discover now