33

5.5K 645 26
                                    

[ ‌၃၂ က ဆေးလိမ်းပေးပြီးတဲ့အခန်းနဲ့
တစ်ဆက်တည်းနော် ။ တစ်ရက်ထဲ up ပေးတယ်လို့
သတ်မှတ်ပေးပါ :3 ]

* ဗွမ်း *

ရေထုထည်ထဲ မျက်နှာအပ်ထားမိရာမှ
လေဟာနယ်ရှိရာသို့ ပြန်လည်ဝင်ရောက်တယ် ။
ရေစက်တွေဝေ့သီနေတဲ့မျက်နာနဲ့
နီစပ်စပ်မျက်လုံးအစုံကမှန်အရိပ်ထဲမှာ ။

သူ ဘယ်လောက်ကြာအောင်
‌ရေစိမ်‌နေမိလိုက်တာလဲ

မှန်ချပ်ထဲ ပေါ်နေတဲ့ သူ့ပုံရိပ်ကို
ရှောင်းကျန့် အသေအချာ ကြည့်ရှုတယ်

ကိုယ့်ကိုကိုယ် မဟုတ်သေးဖူးနော်
မဟုတ်သေးဖူးနော် ‌ပြောနေရင်းကနေ.....

ကျတော် ရူးများသွားပြီလား...

‌မျော်လင့်ချက် လက်ကျန်နဲ့ ဝဲဘက်နှလုံးကို ပြန်စမ်း

အစောကလောက်ထိတော့ မဆိုးတော့ဖူး

ထပ်ပြီး တိုက်ဆိုင်သွားတာနေမှာပါ
မဖြစ်သင့်ဘူးမလား
ယောကျာ်းတစ်ယောက်‌ကြောင့်
ကျတော်ကြီးက ရင်ခုန်နေတယ်ဆိုတာ

အထူးသဖြင့် ထိုယောကျာ်းက ^°^

အသက်၂၈ နှစ်အရွယ် ရှောင်းကျန့်သည်
ဤသို့ နှလုံးခုန်ရခြင်းမှာ အဘယ်‌ကြောင့်ဖြစ်သည်
ဆိုတာကို ‌ကောင်းကောင်းနားလည်ပါသည် ။

သို့သော် မယုံကြည်နိုင်သောစိတ်က
လက်သင့်မခံလိုသောဘက်သို့ ကူးစေသည် ။
မသိစိတ်၌ ထိုသူ့အပေါ် ဤသို့ဤနှယ်
ဖြစ်တည်နေခြင်းကို ငြင်းဆိုချင်သည် ။

မျက်လုံးထဲ ‌ခြေသလုံးဖြူဖြူပေါ်က
‌သွေး‌ကြောစိမ်း‌တွေပေါ်လာတော့
ရှောင်းကျန့်မခံနိုင်တော့ဘူး
toilet ထဲကနေ အလောထွက်ခဲ့ရ‌တော့တယ်

နီးစပ်ရာ toilet room ကို ဝင်လိုက်ရတာမို့
အပေါ့အပါး လာသွားကြသော
ဝန်ထမ်းကောင်လေးများမှာ ရေအစိုသားနဲ့
သူဌေးဖြစ်သူအား တအံ့တဩကြည့်သွားကြတယ် ။

အခန်း အပြင်ကိုရောက်တာနဲ့
လည်ပင်းအား ဆွဲဖက်ခြင်းခံလိုက်ရသည် ။
ဒီဟိုတယ်မှာ သူ့ကိုဒီလိုလုပ်ရဲသူက.
နှစ်ခါစဉ်းစား စရာမလို ။
ပုခုံးချင်းတန်းတူဖြစ်သွားစေရန်
မိမိ ‌ခြေထောက်နှစ်ဖက်အား အနည်းငယ်
‌ရွေ့ကွဲထားပေးရသည် ။

All Eyes On You { Completed }Where stories live. Discover now