Zawgyi
"မောင်ရေ………… "
မနက်ခင်း၏အလင်းနှင့်အတူ ချိုသာနူးညံ့သော ခေါ်သံလေးက Yiboကို အိပ်စက်နေရာမှနှိုးထရန်စတင်လှုံ့ဆော်လာသည်။
"ငါးမိနစ် …… ငါးမိနစ် "
အိပ်နေရာမှမထသေးဘဲ ညာမျက်လုံးလေးတစ်ဖက်သာဖွင့်၍ ဆက်၍အိပ်ရန်တောင်းဆိုနေသော ချစ်ရသူ၏ပါးပြင်လေးကိုခပ်ဖွဖွအနမ်းပန်းလေးခြွေကာ…………
"အင်း …… ငါးမိနစ် "
ချစ်စရာကောင်းစွာအိပ်စက်နေသော ချစ်ရသူခန္ဓာကိုယ်လေးအားပွေ့ဖက်၍ အနား၌ကပ်ကာလှဲအိပ်လိုက်သော Xiao Zhanသည် ။
အပြစ်ကင်းစွာအိပ်စက်နေသည့် Yibo၏ ဆံနွယ်နုနုလေးအား လက်ကလေးဖြင့်ဆော့ကစားကာ ခပ်ရေးရေးပြုံးနေသော Xiao Zhan
Xiaoရဲ့အပြုအမှုများစွာထဲကမှ ထိုအရာလေးကို ကျွန်တော်အလွန်သဘောကျသည်။ ဆံနွယ်လေးကိုတယုတယကိုင်ကာ အမြဲတမ်းပြုံးနေတက်သည့်ကိုကို့ကို ကျွန်တော်ချစ်သည်။
ကျောပေးထားရာမှလှုပ်လှုပ်ရှားရှားဖြစ်လာသော Yibo Xiao Zhanနှင့် မျက်နှာချင်းဆိုင်ကာ ရင်ခွင်လေးထဲပင်အတင်းတိုးဝင်ထွေးဖက်လာသေးသည်။
"ဟေး ဟေး …… လူလည်မကျနဲ့ ငါးမိနစ်ပြည့်ပြီနော် "
လက်မှနာရီအားကြည့်ကာ အိပ်စက်ရာမှနိုးထရန် တတွတ်တွတ်ပြောနေရှာသော Xiao။
"အင်း သိတယ် ……… ကိုကိုရဲ့ကိုယ်သင့်နံ့လေးက မွှေးနေလို့ "
ဒါက Yiboလုပ်နေကျ မရိုးသောလိမ်ဆင်လေးဖြစ်သည်။ သို့သော် အဖြူရောင်လိမ်ဆင်လေးက ကျွန်တော့်နှလုံးအိမ်လေးကို စွဲညှိနေစေသည်။
"ဟား ဟား …… ဒီလိုညာတာပါတေးလုပ်ပြီး ဆက်အိပ်ဦးမယ်ဆိုပါတော့ မရဘူး ထ ထ …… ခုနှစ်နာရီခွဲနေပြီ "
အသဲယားလွန်းလို့ Yibo၏နှာခေါင်းလုံးလုံးလေးအား ခပ်ဖွဖွဆွဲ၍ထရန်ပြောသော်လည်း…………
ခေါင်းလေးပင် ရင်ခွင်ထဲအတင်းတိုး၍…………
"နေပါဦးဆိုဗျာ "
YOU ARE READING
ဝမ်ချေချေရဲ့စပ်စလူးလေး(Zawgyi+Unicode Complete )
Fanficလူနှစ်မှာချစ်နေဖို့ကအဓိကပါပဲ ချစ်နေဖို့ပဲလိုတာ ဘယ်သူတွေကြားထဲကသွေးခွဲခွဲ ငါတို့အချင်းချင်းယုံကြည်နေဖို့ပဲလိုတာ Love is loveပဲပေါ့