Zawgyi
သူငယ်ချင်းယောက္ခမ
(ဇာတ်သိမ်း ပိုင်း)"ဘာ ရှောင်ကျန့် မင်းနဲ့ငါ မတွေ့တာ ဘယ်လောက်ကြာပြီလဲ...တွေ့ တွေ့ချင်း ပြောတဲ့စကားက ငါ့သားနဲ့လက်ထပ်ချင်တယ် ဟုတ်စ..
မင်းငါ့ကို တသက်လုံးရှုံးလာသမျှ ..ငါံကိုနိုင်ချင်တာနဲ့ အသက်မပြည့်သေး
တဲ့ ငါ့သားလေးကို.?....မင်းကိုထောင်ထဲပို့မယ်
ငါ့သားလေးကို ကြံစည်မနေနဲ့...ထောင်ထဲရောက်ပီသာမှတ်''သူပဲအမြဲနိုင်သလိုနဲ့...သူ့သားကြိုက်တော့လည်း သည်းခံရှောင်ကျန့်...သည်းခံထား...
ဖေကြီးကို ရိပေါ်နဲ့မေမေ ဝိုင်းဆွဲကြရတယ်..
"ဖေကြီးနော် ဦးကို ထိခိုက်အောင်လုပ်ရင် ရိပေါ်ဖေကြီးကို
မချစ်တော့ဘူး''"မင်း...မင်းငါ့သားကို ဘယ်လိုစည်းရုံး
ထားတာလဲ...ငါ့မှာဒှီသားလေးတစ်ယောက်ထဲရှိတာ...သားလေးကငါ့အသက်ပဲ''ရိပေါ်ပြောမှ ဖေကြီးကပိုစိတ်ဆိုးသွားပြီ
ဘာတွေဖြစ်ကုန်တာလဲ ရိပေါ်စိတိတွေ
ရှုပ်ထွေးကုန်ပါပြီ..."ငါပြောတာခနလောက် နားထောင်ပေး
ပါအုံးကျန်းချန်ရာ...ရိပေါ်ကို မင်းသားမှန်း မသိတာအမှန်ပါ.ပြိုင်ပွဲဆိုတာတွေလည်း စိတ်ထဲမရှိတော့ပါဘူး...ငါbabyကို တကယ် မြတ်မြတ်နိုးနိုးနဲ့ .ချစ်တာ.ဒါကြောင့်
လက်ထပ်ဖို့လာပြောတာပေါ့''အချေအတင်တွေကြားမှာ စိတ်တွေရှုပ်ထွေးလာတယ။ိ နောက်ဆုံးတော့ ရိပေါ်အခန်း
တံခါးပိတ် အစာမစားရေမသောက်
ဆန္ဒပြမှုကြီးကြောင့် ဖေကြီးက ခွင့်ပြု
ပေးလိုက်ပါတော့တယ်...ရိပေါ် မေကြီး
လက်ရာတွေကို မစားမသောက်ပဲ ဘယ်နှစ်ရက်နေနိုင်မယ် ထငိပါသလဲ
ဟုတ်ကဲ့နေနိုင်ပါတယ်...ဖုန်းလေးတကောဆက်ရုံနဲ့ ဦးက ရိပေါ်စားချင်တာ မှန်သမျှခိုးပို့ပေးတယ်လေ...ဒါပေမယ့်
လွယ်ကူမနေပါဘူး...မုန့်ခွံတွေဝှက်ရတာဒုက္ခ
များတယ်လေ...×××××××××××××××××××××
ဦး က ရိပေါ်ကို တကယ်ပဲ ခမ်းခမ်းနားနားလက်ထပ် ယူခဲ့ပါတယ်...
ဖေကြီးပါ အံ့သြရတဲ့ထိ...လျှောက်လမ်း တစ်လျောက်မှာ နှင်းဆီဖြူတွေခင်းလို့.အခမ်းနားတစ်ခုလုံး အဖြူရောင်တွေ လွှမ်းခြုံထားတယ်.အလှဆင်တဲ့ပန်းတွေက အစ နှင်းဆီဖြူတွေ....ရိပေါ်ရဲ့ သတိုးသားဝတ်စုံလေးမှာ ဦးက နှင်းဆီ နီလေးတစ်ပွင့်လာထိုးပေးတယ်...စတွေ့တုန်းက အချိန်တွေကိုတောင် ပြန်သတိရသွားတယ်။
VOCÊ ESTÁ LENDO
သူငယ်ချင်းယောက္ခမ (Complete)
Contoအချစ်ဆုံးသူငယ်ချင်းကလည်း နောင်တချိန်မှာ ကိုယ့်ယောက္ခမ ဖြစ်မလာနိုင်ဘူးလို့ ပြောလို့မရဘူးလေ