From The Other Side - 1

2 0 0
                                    

တီ..တီ..တီ..

တီ..တီ..တီ..

ဒုန်း..ဒေါက်...ဂလောက်...

မနက်ခင်း နာရီနှိုးစက်က တတီတီထမြည်တော့
အိပ်ချင်မူးတူးနဲ့ လှမ်းပိတ်လိုက်သော်လည်း
လက်ချော်သွားပြီး နာရီက အောက်သို့ စားပွဲအောက်သို့
ကျသွားသည်။

"ဝှါး.... အိပ်ချင်လိုက်တာကွာ...အီး...ယား..."

အိပ်ယာထဲ အပြင်းကြောဆန့်ရင်း
ဟိုလှိမ့်ဒီလှိမ့်လုပ်လိုက်သည်။
လောကမှာ အမုန်းဆုံးအသံကို ပြောပါဆိုရင်
နာရီနှိုးစက်သံပင်ဖြစ်သည်။
လူက အိပ်လို့ကောင်းပြီဆိုလျှင်
အရင်ဆုံးကြားရသည်က နာရီနှိုးစက်သံဖြစ်သည်။
ဆူညံလိုက်သည့်နှိုးစက်သံ။ ညဆယ်နာရီလောက်ကတည်းက
အိပ်ထားသော်လည်း နှိုးစက်သံကြီးကြောင့်
တညလုံးမအိပ်လိုက်ရသလို ခံစားသွားရစေသည်။

်ကိုယ့်ကို အိပ်ရာနိုးစေသော
အသံတစ်ခုခုကြားပြီးလျှင် ဆက်အိပ်လို့မရတော့သော
အကျင့်ကြောင့် အိပ်ရာကို ခေါက်သိမ်းပြီး
ရေချိုးခန်းသို့ သွားလိုက်သည်။

သွားတိုက်တံကို ပါးစပ်မှာကိုက်ရင်း
ရေချိုးခန်းပြူတင်းပေါက်ကို အသာအယာဖွင့်လိုက်ကာ
ဟိုဘက်တိုက်ခန်းမှ အပြိုကြီးမမ အဲလေ အပျိုကြီး မမ
ရေချိုးနေမလားလှမ်းကြည့်လိုက်သေးသည်။
ထိုတိုက်ခန်း ပြူတင်းပေါက်က ပိတ်ထားသဖြင့်
စိတ်ပျက်လက်ပျက်ဖြင့် ရေချိုးခန်းမှန်ရှေ့မှာပင်
သွားတိုက်နေလိုက်သည်။

ဂရူး..ဂရူး...ဖွီး...

သွားတိုက်ပြီးတော့ ပလုတ်ကျဉ်းလိုက်ရင်း
ကိုယ့်ကိုကိုယ် နမ်းကြည့်တော့..

ဝေါ့...ထွီ..

မီးကပျက်နေသဖြင့်
တစ်ညလုံး ပူလောင်အိုက်စက်စွာဖြင့်
အိပ်လိုက်ရသောကြောင့် ချွေးစော်များ နံဟောင်နေပေသည်။
ကိုယ့်အနံ့နှင့် ကိုယ် မသောက်ရပဲ မူးသွား၏။
ရေချိုးမယ်လို့တွေးလိုက်တော့ ဆပ်ပြာကုန်နေတာ
ယခုမှ သတိရသည်။

ပြေးဝယ်ဖို့လဲမမှီတော့
ဒီတိုင်းပဲ ချိုးလိုက်သည်။
ရေအေးအေးလေးနှင့် ထိလိုက်တော့မှ
လူလဲ လန်းဆန်းသွားတော့သည်။
ရေချိုးပြီးတော့ မနက်စာအတွက်
မနေ့က ထမင်းကျန်နှင့် ကြက်ဥတစ်လုံးထည့်၍
ကြက်ဥထမင်းကြော်လုပ်စားလိုက်၏။

အခြားတစ်ဖက်ဆီမှ (From The Other Side)Where stories live. Discover now