တနေ့တခြားအေးစက်လာတဲ့ conversation တခုဟာ
ပိုးချည်မျှင်တွေတောင်သန်းနေလောက်ပါပြီ
.
နှစ်ယောက်ကြားမှာကာထားတဲ့ မာန်မာနတံတိုင်းကြောင့် သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်ဟာပြိုလဲခဲ့ပြီ
.
တနေ့တခါစကားမပြောရရင်မနေနိုင်တဲ့ သူတို့နှစ်ယောက်
ဒီတခါတော့ နေနိုင်သွားကြပြီ
.
ကိုယ်ကဘဲအရှုံးပေးလိုက်ပါတယ်
ဘယ်လိုကြည့်ကြည့်ပြည့်စုံနေတဲ့ကောင်လေးရယ်..
.
မင်းက ကိုယ်နဲ့ဘယ်လိုက်ဖက်ပါ့မလဲ
ကိုယ်တို့နှစ်ယောက် အဆင့်အတန်း အရမ်းကွာတာကို
မင်းလို ကောင်လေးမျိုးက ငါလို မပြည့်စုံတဲ့ကောင်မလေး
နဲ့မလိုက်ဖက်ပါဖူးကွာ
.
ကိုယ့်ဘက်ကဘဲစချစ်ခဲ့တဲ့ အချစ်မို့လ်ို့
ကိုယ့်ဘက်ကဘဲပြန်ရုတ်သိမ်းပါရစေ....
.
အချစ်သစ်ကိုရှာနိုင်ပါစေလို့ ဆုတောင်းပေးပါ
မင်းကတော့မလိုပေမယ့်...
.
ကိုယ့်အတွက်တော့
မင်းဟာ ပထမဆုံးမဟုတ်ခဲ့ပေမယ့် နောက်ဆုံးပါ
.
ကိုယ်ဘက်ကပေးဘဲပေးခဲ့ရတာမို့လို့
ကိုယ်ပင်ပန်းလှပြီ ကိုယ့်ကိုခွင့်လွှတ်ပေးပါ.......