ဒီနေ့ ကိုယ့်မွေးနေ့
အဖေနဲ့ စာပို့ဖြစ်တယ် ကိုယ့်ကို fb မှာ ဘလော့ထားတယ်တဲ့လေ ကိုယ်ဝမ်းနည်းမိတာအမှန်ဘဲ
ဒါပေမယ့် ကိုယ်နားလည်ပေးလိုက်ပါတယ်
သူလဲအကြောင်းရှိမှာပေါ့လေတချိန်က ကိုယ်လိုချင်တာဝယ်ပေး လိုလေသေးမရှိတဲ့ဘဝမှာ အဖေသာ လိလိမ္မာမ္မာနေခဲ့ရင် အခုချိန် ကျွန်တော်တို့ စုံစုံလင်လင်နဲ့ပျော်ရွှင်နေကြလောက်ပြီ
အရင်က ကားတစီး အိမ်တလုံး ဖုန်းတလုံး ဆို အကုန်အကောင်းစားမှကိုင်တဲ့အဖေ အခုတော့
"တရုတ်ဖုန်း နဲ့အိတ်ကပ်ထဲ တထောင်လောက်ရှိရင်ပျော်နေ တသောင်းလောက်ရှိရင် သူဠေးဘဲ" လို့တောင်ပြောထွက်ခဲ့ပြီ
ကိုယ့်အနေနဲ့ အပြစ်ရှိသလိုခံစားခဲ့ရတယ်
အဖေဆီက လက်ဖြန့်သာတောင်းခဲ့ပြီး ဘာမှမပေးခဲ့တဲ့ ကို
အခုမှနောင်တရတတ်ပြီမိဘဆိုတဲ့အတိုင်း ကိုယ်က ကန်တော့မယ်ပြောတာတောင်
ကိုယ်ပိုက်ဆံကုန်မှာဆိုးလို့တဲ့ ငြင်းခဲ့တယ်အပြစ်ကြီးပါတယ် အဖေရယ်
အဖေကို အလုပ်ရတာနဲ့ထောက်ပံ့ပေးပါမယ်အခုတော့ ကျောင်းမပြီးသေးတာမို့လို့
စာကြိုးစားလိုက်ပါအုံးမယ်💔