အပိုင်း (၁၃)

31.3K 2.8K 420
                                    

Unicode

*ချစ်ခြင်းသည်‌ လေပြေအဖြစ်တိုက်ခတ်သည့်အခါ

အမုန်းတရားဖြင့်နှလုံးသားသည် ဇွန်လရဲ့မိုးစက်တွေလို*

≘ ROYAL ≘

နေရောင်ခြည်က မျက်နှာပေါ်ဖြာကျလာတော့ Tae Hyung လူးလွန့်ကာနိုးလာခဲ့သည် ။ မျက်လွှာလေးဟာပွင့်လာတော့ ပထမဆုံးမြင်ရသည်က Jeon မျက်နှာ ။ နီးကပ်လွန်းသောအနေအထားနှစ်ခုသည် တစ်ယောက်ရဲ့ဝင်လေထွက်လေကိုခံစားမိသည်အထိ ။ ညက Jeon ရဲ့စကားကိုပြန်ကြားမိတော့ ရှက်သွေးလေးတွေဖြာမိပြန် သည်။

အပူအပင်ကင်းစွာအိပ်ပျော်နေတဲ့ ချောမောလွန်းတဲ့ Jeon ရဲ့မျက်နှာလေးကို လက်ညှိုးလေးနှင့် ညင်ညင်သာသာထိတွေ့နေမိ၏။ သူမြတ်နိုးမိတဲ့ နှုတ်ခမ်းမထူမပါးအောက်က မှဲ့နက်လေး။

"ဒါတွေက အိမ်မက်မဟုတ်ဘူးမလား Jeon"

Jeon မျက်နှာလေးကြည့်နေတုန်း လှုပ်လှုပ်ရှားရှားဖြစ်လာတာမလို့ TaeHyung အယောင်ယောင်အမှားမှားနှင့် မျက်လုံးလေးမှိတ်ချလိုက်မိပါတော့သည် ။

.
.

JungKook နိုးလာတော့ သူ့နဲ့မျက်နှာချင်းဆိုင်အိပ်ပျော်နေသော ကောင်လေးကိုတွေ့တော့ ပြုံးမိသည် ။ ညက်ညက်ညောညောအသားအရေလေးသည် ဝင်းမွတ်နေကာ ပါးပြင်လေးတစ်လျှောက် သွေးကြောစိမ်းလေးများနှင့်ယှက်ပြေးနေ၏ ။ အပြစ်ဆိုစရာမရှိသော ဒီလူသားလေးကို ဒဏ်ရာမျိုးစုံသူပေးခဲ့ဖူးသည်။ သို့ပေသည့် အခုထိတိုင် ထိုလူသားလေးဟာ သူ့နဘေးမှာအမြဲရှိနေတုန်း။

အိပ်မောကျနေသလိုပုံစံလေးမလို့ နဖူးလေးကိုခပ်ဖွဖွဖိနမ်းမိ၏ ။

"ကောင်းသောမနက်ခင်းလေးပါ TaeHyung ငယ်"

မနက်ခင်းနှုတ်ဆက်စကားလေးဆိုပြီးမှ အိပ်ပျော်နေတဲ့ထိုကောင်လေးမနိုးအောင် အသာလေး အိပ်ယာမှထလာလိုက်ပြီး ကိုယ်လက်သန့်ရှင်းလုပ်စရာရှိသည်ကိုလုပ်လိုက်သည် ။

TaeHyung မှာတော့ အိပ်ချင်ယောင်ဆောင်နေတာကို မိမှာစိုးရိမ်နေရသည် ။ Jeon သူ့နဖူးလေးကိုခပ်ဖွဖွဖိနမ်းလိုက်တော့ ရင်တစ်ခုလုံးဟာ ပေါက်ထွက်မတတ် ။ Jeon အခန်းထဲကမထွက်မချင်း အိပ်ယာကနေမထရဲ။  မျက်နှာချင်းဆိုင်ရမှာ ရှက်နေလို့လည်းပါသည် ။ Jeon အခန်းထဲကထွက်သွားတာသေချာမှပဲ လျင်မြန်စွာခုန်နေတဲ့ နှလုံးသားကိုတည်ငြိအ်အောင် သက်ပျင်းလေးဖြည်းညှင်းစွာချရင်း ငုတ်တုတ်ထထိုင်မိသည် ။

ROYAL [Completed] [Rewriting]Où les histoires vivent. Découvrez maintenant