ခွဲခွာရမည့်မွေးရပ်မြေ

220 38 8
                                    

မနက်ခင်းရဲ့အလင်းရောင်သည် ခန်းစည်းလိုက်ကာကြားမှ ထိုးထွက်၍ အပြစ်ကင်းစင်သော ဂျယ်ယော့၏မျက်နှာလေးကို ကျီစယ်လိုက်သည်။အလင်းရောင်မှာ သူ၏မျက်လုံးမှေးမှေးလေးပေါ်သို့ ကျရောက်လာသောကြောင့် သူလန့်နိုးလာခဲ့သည်။တစ်ညလုံးငိုခဲ့သည့် ဒဏ်ကြောင့် ခေါင်းပင်အလွန်ကိုက်နေသည်။ထို့နောက် အိမ်အောက်ထပ်သို့ ဆင်းကာ ရေခဲသေတ္တာထဲရှိ Banana milkကိုယူ၍သောက်လိုက်သည်။

"သား!!မနက်စာ လာမစားဘူးလား ဒီမနက်သားကြိုက်တဲ့ အမဲသားပါစတာကို အမေကိုယ်တိုင်လုပ်ပေးထားတယ်"

အမေဖြစ်သူဆိုဂျောင်မှမနက်စာ စားရန်ခေါ်သောလည်း ဂျယ်ဟော့လေးခမျာ ကလေးတစ်ယောက်လို စိတ်ဆိုးနေရှာသည်။

"သား!သား!သား!"

"ကျွန်တော် အန်တီမီယာ လုပ်ပေးတဲ့ ပါစတာပဲစားချင်တယ်"

စကားတစ်ခွန်းထဲပြောကာ အခန်းထဲသို့၀င်သွားလေသည်။ဗိုက်ဆာနေသော်လည်း အမေရိကသို့မပို့အောင် ဆန္ဒပြနေသောကြောင့် လက်ထဲရှိ Banana milkသာလျှင် သူ့အတွက်အကောင်းဆုံးဖြစ်နေသည်။နွေရာသီကုန်ရန် တစ်လလောက်သာကျန်တော့သည်။ထိုအချိန်တွင်း သူ၏စုဆောင်းထားသောမုန့်ဖိုးများဖြင့် ဂျပန်သို့သွားရန်ပြင်ဆင်တော့သည်။သူ့အတွက် အလုပ်များပင်ရှုပ်နေတော့သည်။

"ငါ လေယာဉ်လက်မှတ်၀ယ်ဖို့ ဘယ်သူ့ကိုအကူညီတောင်းရမှာလဲ"

"အစ်ကိုဂျီဟွန်းလား???အာသူလည်းမဖြစ်ပါဘူး။သူကမယုံရဘူး စိတ်မထင်ရင်မထင်သလို အိမ်ကလူတွေကိုပြန်ပြောမှာ"    (ဘုရား ဘုရား ပတ်ဂျီဟွန်းမသိပါစေနဲ့😬)

"ဒါဆို ဘယ်သူ့ကိုအကူညီတောင်းရမလဲ ဟူး!!!!အာ သိပြီ ဂျွန်းကယူကိုအကူညီတောင်းရမယ်"

ကုတင်ဘေးရှိစာကြည့်စားပွဲခုံပေါ်တွင် အားသွင်းထားသောဖုန်းအား အသည်းသန်ယူ၍ ဂျွန်းကယူဆီသို့ ဖုန်းဆက်လိုက်သည်။

"Ti...ti...ti..."

Junkyu-"Hello!"

Jaehyuk-"ဂျွန်ကြီး ငါမင်းကိုအကူညီတောင်းစရာရှိလို့"

Jun-"ပြောလေ ငါကူညီပေးလို့ရရင်ကူညီပါ့မယ်"

Jae-"နောက်လကုန်ရင် နိဟွန်း(Japan)ကိုသွားမယ့်လေယာဉ်လက်မှတ်၀ယ်ပေးနိုင်မလား??"

Ai wa Nihon ni aru(အချစ်ကJapanမှာ)Where stories live. Discover now