F I R S T ♥M E E T I N G (Extra)

7.2K 599 7
                                    

"သား ဒါ သားနေရမဲ့ အခန်းနော်"

ရိပေါ် ခေါင်းငုတ်အရိုအသေပေးလိုက်တယ်။ အခန်းထဲ ဝင်လိုက်ချိန် ဆရာမတစ်ယောက်က စာသင်နေတာတွေ့ရတယ်။ ရိပေါ်ကို တွေ့တာနဲ့ အခန်းထဲက ဆရာမကလည်း ကျောင်းပြောင်းလာမှန်း သိတယ်။

"ကလေးတို့ ဒါ ဒီနေ့မှအသစ်ရောက်လာတဲ့ ကျောင်းသားပဲ"

"သား နှုတ်ဆက်လိုက်"

ဆရာမ ပြောပြီးတာနဲ့ ရိပေါ် ရှေ့တစ်လှမ်းတိုးလိုက်တယ်။ ချောင်းအသာဟမ့်ရင်း။

"ငါ့နာမည် ဝမ်ရိပေါ်"

"အထက်တန်းပထမနှစ်မှာ မင်းတို့နဲ့ တွေ့ရလို့ ငါ ဝမ်းသာတယ်"

လက်ခုပ်သံတဖြောင်းဖြောင်းကြားပြီးနောက် ရိပေါ် ပုံမှန်ဆန်စွာပဲ ဆရာမပြောထားတဲ့ ခုံမှာ ဝင်ထိုင်လိုက်တယ်။

"ဒီနေ့ ရှောင်းကျန့်ကို မတွေ့ပါလား"

အတန်းခေါင်းဆောင်က ဆရာမအသံကြားမှ ပြူးတူးပြာတာနဲ့ ထလာတယ်။

"နေမကောင်းလို့တဲ့ ဆရာမ"

လူစစ်ပြီးနောက်မှာ ဆရာမက သင်လက်စစာကို ဆက်သင်နေပြီ။ ရိပေါ်ကတော့ သက်ပြင်းချမိတယ်။ ဘယ်တော့မှ နေရာအတည်တကျ ဖြစ်မှာလည်းမသိဘူး။

လောင်ဝေနဲ့တွေ့တော့ အဆင်ပြေလားမေးလာတယ်။ ဘာကို အဆင်ပြေခိုင်းနေတာလဲ။ ပြောင်းလဲသွားတာဆိုလို့ ကျောင်းနာမည်ပဲရှိတာကို။

"မင်း အချိန်ပိုင်းအလုပ်တွေ တော်သင့်ရုံလုပ် ရိပေါ်"

ရိပေါ် ခေါင်းသာညိမ့်ပြလိုက်တယ်။ လောင်ဝေပြောသလို လွယ်ကူနေတာမှ မဟုတ်တာ။

ကျောင်းတက်တာ တစ်ပတ်ရှိနေပင်မဲ့ ရိပေါ်မှာ သူငယ်ချင်းမရှိသေးဘူး။ ရိပေါ်မျက်နှာထားကြောင့်လည်း ပါရင်ပါမယ်။ ရိပေါ်ကလည်း ဂရုစိုက်မနေဘူး။ အလုပ်နေရာပေါ်မူတည်ပြီး ကျောင်းကပြောင်းနေရအုန်းမှာမို့လို့။

ကျောင်းဆင်းတော့ ကျောင်းနားမှာရှိတဲ့ ကဖေးဆိုင်နား သွားမိတယ်။ အလုပ်ခေါ်စာကို ဖုန်းထဲမှာတွေ့မိလို့။ အထဲဝင်လိုက်တဲ့အခါ ဆိုင်လေးက သန့်သန့်ပြန့်ပြန့်ပဲ။ ဝန်ထမ်းဆိုမှ အစ်ကိုကြီးတစ်ယောက်ပဲ စားပွဲထိုးတန်ထိုး ကော်ဖီဖျော်တန်ဖျော်နေတာ တွေ့ရတယ်။

G L A D I O L U STahanan ng mga kuwento. Tumuklas ngayon