Unicode ver;
ပြတင်းပေါက်နေတစ်ဆင့် ကောင်းနေလင်း အပြင်ကိုလှမ်းကြည့်မိသည်။ မိုးတွေအုံ့ကာ မိုးရွာတော့မည့်အရိပ်ယောင်များရှိသည်။ ချက်ချင်းဆိုသလိုလက်က ညီ့ဆီဖုန်းဆက်ပြီးသား။
"အင်း ပြော ကိုလင်း~"
"ကလေး ဘယ်မှာလဲ?"
"ကျွန်တော် အပြင်မှာ ဘာလို့လဲ ကိုလင်း?"
" အာ မဟုတ်ပါဘူး မိုးတွေအုံ့နေတော့ ညီ ဘယ်မှာလဲလို့မေးကြည့်တာပါ အိမ်မြန်မြန်ပြန်နော် ညီ ထီးမပါဘူးမလား?"
"အင်းပါ ကိုလင်းရဲ့~ ကိုလင်းရော ဘယ်အချိန်ပြန်မှာလဲ စောစောပြန်ဦးနော် မိုးမိမယ်"
"ကိုယ်က ကားပါတယ်လေ ညီသာ ကားမပါတာမလား? ကိုယ်လာခေါ်ရမလား?"
"နေ နေ ကိုလင်းမပြန်သေးဘူးမလား? ဒါဆို ကျွန်တော် ဆိုင်ကိုပဲလာခဲ့မယ် ပြီးမှတူတူပြန်တာပေါ့ မကောင်းဘူးလား?"
"အင်း ဂရုစိုက်ဦး ကလေး"
"အင်းပါ ကိုလင်းရဲ့ စိတ်ချပါ~အာ..သေစမ်း"
ညီ့ရဲ့ အလိုမကျသံ ခပ်တိုးတိုးလေးကြားလိုက်တာကြောင့်၊
"ညီ ဘာဖြစ်တာလဲ?"
"ဘာမှမဖြစ်ပါဘူးဗျာ ကျွန်တော့်လူကြီးကလည်း စိုးရိမ်တတ်ရန်ရော မိုးလေး နည်းနည်းလေးရွာလာလို့ပါ ဘာမှမဖြစ်ဘူး ကျွန်တော် taxi စီးလာခဲ့မယ် ဟုတ်ပြီလား?"
"အင်း ဂရုစိုက်ဦး"
"ဟုတ်ပါပြီ ဒါဆို ကျွန်တော်ဖုန်းချလိုက်တော့မယ်နော်"
"ညီ.."
"ဗျာ ကိုလင်း?"
"ချစ်တယ်"
"အာ ကိုလင်းရာ ဘာများလဲလို့ လန့်သွားတာပဲ"
"ချစ်တယ်လို့ဆိုကွာ"
"အင်း ကျွန်တော်လည်းချစ်တယ်"
နှစ်တွေရက်တွေဘယ်လောက်ပဲကြာကြာ ဒီကလေးသည်လည်း ချစ်တယ်လို့ပြောရမှာကို အခုချိန်ထိ အရှက်သည်းတုန်းပင်။
သိပ်မကြာလိုက်ပါဘူး။ မိုးရေတွေရွဲနေတဲ့ ညီ ဆိုင်ထဲကိုရောက်ချလာတယ်။
YOU ARE READING
တစ်ဦးတည်းသော (season_2) ZawGyi+Uni
Fanfictionကိုယ် မင်းကိုလက်မလွှတ်ချင်ပါဘူး ဒါပေမယ့် ဒီလိုအခြေအနေလေးအတိုင်းပဲ နေလို့မရဘူးလား? #𝐾𝑎𝑢𝑛𝑔 𝑁𝑎𝑦 𝐿𝑖𝑛𝑛 ကျွန်တော့်မှာတကယ် ဒုတိယအကြိမ်မရှိတော့ဘူးလား? ...