ပွဲတော်နေ့ကစပြီး မင်းသားလေးဟာ အမြဲလိုလို ကြာပန်းဆောင် မှာသာ ကြင်ယာတော်ဗြောင် နဲ့အတူ အချိန်ဖြုန်း နေလေ့ရှိသည် ။ မိခင်မေတ္တာ ငတ်နေသူ တစ်ယောက်အဖို့ ကြင်ယာတော်ဗြောင် ရဲ့ဂရုစိုက် ချစ်ခင်ပေးမှုအပေါ် ပျော်မွေ့သွားသည် ကြင်ယာတော်ဗြောင် နဲ့ အနီးကပ်နေလေ သူ့ရဲ့ ကောင်းဘက်ကို ပိုမြင်လာလေ ဖြစ်သည် ။ ထို့ကြောင့် အိမ်ရှေ့စံ မင်းသားလေး ဟာ ကြင်ယာတော်ဗြောင် ကို တွယ်ကပ်ခြင်းဖြစ်သည်
အခုလည်း ကြာကန်အလယ်မှာ မင်းသားလေးက စာဖတ်နေပြီး ကြင်ယာတော်ဗြောင် က စောင့်ကြပ်ပေးနေသည် ။ မင်းကြီးပတ် ကိုယ်လုပ်တော် သုံးပါကို အပြစ်ပေးလိုက်ပြီးနောက် ဘယ်သူမှ သူ့ရဲ့ ကြာပန်းဆောင် ကိုလာပြီး ပြဿနာ မရှာရကြတော့ပေ ။
' ဒီကလေး Kai hyung နဲ့ တော်တော်ဆင်တာပဲ '
ဟု စိတ်ထဲ ရေရွတ်နေသည် ။" ယောက်ဖတော် ကျနော်နဲ့ အစ်ကိုတော် မင်းကြီး တို့ အမဲလိုက်ပွဲရှိတယ် အဲတာ ယောက်ဖတော် လည်း လိုက်ခဲ့ပါလား ''
" အမဲလိုက်ပွဲ....? ဘယ်တော့လဲ ''
အမဲလိုက်ပွဲ ဆိုတော့ သူ့ရင်ထိတ်သွားသည် ။ သူမှတ်မိတာ မမှားဘူးဆိုရင် အဲဒိီပွဲမှာ မင်းကြီးပတ် လုပ်ကြံခံရမှာဖြစ်သည် ။ သူမလိုက်ချင်ပေမယ့် တစ်စုံတစ်ယောက် က အန္တာရယ် ကျရောက်မှာကို သိသိကြီးနဲ့ ငြိမ်မနေနိုင်ပြန်ဘူး ။ သူပြောပြရင်လည်း ဘယ်သူက သူ့ကို ယုံမှာလဲ မတော်ရင် သံသယတောင် ဝင်ခံနေရမယ့် အဖြစ် ။
" မနက်ဖြန် ''
သူလိုက်ချင်ပေမယ့် အဲဒီမင်းကြီး ဆိုတဲ့လူက ခွင့်ပြုပါ့မလား ။
" စိတ်ချပါ ကျနော်လိုက်စေချင်ရင် အစ်ကိုတော် မင်းကြီးလည်း ခွင့်ပြုမှာပါ ''
အမှန်တော့ သူ့အနေနဲ့ ကြာပန်းဆောင် ကနေ ခြေတစ်လှမ်းတောင် မထွက်ချင်ပေ ။ အဆောင်တော် ထဲမှာပဲနေပြီး သရေစာလေး စားလိုက် စာအုပ်လေး ဖက်လိုက်နဲ့သာ နေချင်သည် သို့သော်လည်း အရင် ကြင်ယာတော်ဗြောင် က အမဲလိုက်ရတာကို ဝါသနာထုံပုံရသည် ။ ထိုအရာကို အခု ဘတ်ခယောင်း ဆီကိုလည်း ကူးလာခဲ့ပုံပင် ။ ပြီးတော့ သူမင်းကြီးပတ်ကိုလည်း ကာကွယ်ပေးရဦးမည်လေ ။ ( 😒😒 သွားချင်တယ် ဆို သွားချင်တယ်ပေါ့)
YOU ARE READING
ကံကြမ္မာအလှည့်အပြောင်း
Fanfictionhi..... ကျွန်တော့်ရဲ့အရင်အကောင့်က ဝင်မရတာမို့ ဒီacc ထဲမှာပဲ fic တွေကို ဆက်တင်ပါ့မယ်နော် ။