" ဒီနန်းဆောင်မှာနေရတာ အဆင်ပြေရဲ့လား ''
တကယ်ဆို ဘတ်ခယောင်း အနေနဲ့ အဆင်မပြေမှန်း မင်းကြီးပတ်သိသည် ။ ပြောစရာစကား ရှာမရ၍သာ မေးလိုက်ခြင်းဖြစ်သည် ။
" ပြေပါတယ် အရှင်မင်းကြီး ရဲ့
ကျေးဇူးကြောင့်ပါ ''မင်းကြီးပတ် မျက်နှာကို အရိုက်ခံလိုက်ရသလို ပူခနဲဖြစ်သွားသည် ။ သူ့အနေနဲ့ ဘတ်ခယောင်း နန်းတော်ထဲ ရောက်ပြီးတည်းက တစ်ခါလေးတောင် အဆင်ပြေမပြေဆိုတာ လာမကြည့်ခဲ့တဲ့ အပြင် အဆင်မပြေမှန်းသိခဲ့တာတောင် သူ့အနေနဲ့ လျစ်လျူရှုထား ခဲ့သည်မဟုတ်လား ။ အများတကားရဲ့ အနိုင်ကျင့်ခြင်း အဆိုးဆုံး အစေခံတွေတောင် သူ့အားမလေးစားပဲ ဖြစ်နေတာတောင် သူက အဆင်ပြေတယ်တဲ့လား ။
" ကြာပန်းဆောင် က အခြား အဆောင်တွေထက် တိတ်ဆိတ်နေသလိုပဲ ကိုယ်တော်ရောက်လာ တာတောင် သတင်းပို့ပေးမယ့် အစေခံတောင် မရှိဘူး..... မိန်းမစိုး ဝမ် မောင်မင်းရဲ့ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းလာသလိုပဲ ''
မင်းကြီးဘေးရှိ အထိန်းတော် ချုပ် မိန်းမစိုး ဝမ်ရဲ့ မျက်နှာဟာ ဖြူရော်သွားပြီး ချက်ချင်းဒူးထောက်ချလိုက်သည် ။
" ဒီကျွန် အသက်ရလာတော့ မေ့တတ်လာတယ် အရှင်မင်းကြီး နဲ့ ကြင်ယာတော်ဗြောင် ကျွန်တော်မျိုးကို ခွင့်လွတ်ပေးပါ ''
မင်းကြီးပတ် ဒူးထောက်နေတဲ့ မိန်းမစိုး ဝမ် ကိုကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည် ။ ဒီမိန်းမစိုးဝမ် ဟာ မင်းကြီးပတ် ဂရုမစိုက် နိုင်သော နန်းတွင်း အပျိုတော်တွေ မိန်းမစိုး တွေနဲ့ ပက်သက်လာရင် သူလိုသလို လုပ်ဆောင်လေ့ရှိသည် ။ ပြီးတော့ မိန်းမစိုး ဝမ် ဟာ ပညာရေးအမတ် လီနဲ့ ဆွေမျိုး ဝေးထဲက ဖြစ်သည် ။
" မောင်မင်း ပြောမှ ကိုယ်တော် သတိထားမိတယ် မောင်မင်း အနားယူဖို့ အချိန်တန်နေပြီပဲ ''
မိန်းမစိုး ဝမ် ဟာ ထိတ်လန့်တကြား ခေါင်းရမ်းကာ ငြင်းဆိုတော့သည် ။
" ခွင့်လွတ်ပေးပါ အရှင်မင်းကြီး နောက်နောင် ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေရပါဘူး ''
YOU ARE READING
ကံကြမ္မာအလှည့်အပြောင်း
Fanfictionhi..... ကျွန်တော့်ရဲ့အရင်အကောင့်က ဝင်မရတာမို့ ဒီacc ထဲမှာပဲ fic တွေကို ဆက်တင်ပါ့မယ်နော် ။