Zawgi
ဇာတ်ကွက်၆ကွက်သရုပ်ဆောင်အပြီးမှာတော့
သူတော်တော်ပြိုင်းလာသည်။ လီအိုဆွန်းရဲ့နှလုံးသား
ထဲက ရုတ်တရက်ထွက်မရပေ..။ ထိုဇာတ်ကွက်တွေကို ခဏခဏပြန်လေ့ကျင့်နေတာလည်း ပါလိမ့်မည်။ဟူး...။
သက်ပြင်းငွေ့ငွေ့ခြရင်း ပြိုလဲနေသောခန္ဓာကိုယ်ကို ထူမတ်၍ပြန်ဖို့ပြင်ရသည်။ အခုပဲညနေ၄နာရီထိုးပြီ
လေ....။"ဂျောင်ကု”
"အော်နန်းဂျွန်ဟျောင်း”
"ဂျောင်ကုကစီးမြောအားကောင်းတယ် ဒါပေမဲ့
အဲ့ဒီ့စီးမြောအားက မင်းလိုအသစ်အချင်းချင်းကြရင်
အသုံးမဝင်ဘူး သူများကြောင့်မဟုတ်ပဲ ကိုယ်ကိုတိုင်
စီးမြောနိုင်အောင်လုပ် သူများကိုကြည့်ပြီးမဟုတ်ပဲ
မင်းကိုတိုင်မင်းသဘာဝနဲ့စီးမြောရင် မင်းကတကယ်
အလားအလာရှိတယ်.. အခုတော့ငါ့အမြင်မှာ
ညံ့တယ်”ပထအစကားအသွားအလာရ ချီးကျူးနေတယ်
ခံစားရ၍ ပြုံးတောင်ပြုံးမိသေးသည်။ ထိုလူပြောတာလည်း
မှန်နေတာပဲဟုတွေးတောနေသော်ညား
နောက်ဆုံးစကားလုံးမှာတော့ လူသတ်ချင်စိတ်
ပေါက်ရသည်လေ။ ဘာတဲ့ညံ့တယ်...။ နားထင်ထဲ
သွေးတွေတိုးနေလောက်ပြီဟုထင်ရလောက်အောင်
တစ်ဒိတ်ဒိတ်နှင့်ပင်..။ အခုသူ့ကိုစကားနဲ့
စော်ကားလိုက်တာ မဟုတ်လား။ ဒေါသတွေကိုအသာထိန်းရင်း......"အင်း..ညံ့တယ်..ဒါပေမဲ့စိတ်ခြပါ ခင်ဗျားအနှောက်
အယှက်မဖြစ်အောင် ကြိုးစားမှာမို့ ခင်ဗျားပါးစပ်
ကတော်ပါတယ်လို့ပြောတဲ့ထိ ကြိုးစားလာမှာမို့
စောင့်ကြည့်ပါ”ကိုယ်ကရိုးသားစွာ ပွင့်ပွင့်လင်းလင်းပြောတတ်သူမို့ ညံ့တယ်ပြောလိုက်တာကို မျက်နှာတွေရဲတတ်လာတဲ့ထိ ဒေါသတွေထွက်နေတဲ့ ထိုကောင်လေး။
အရမ်းကြီးညံ့နေတာမဟုတ်ပေမဲ့ အသစ်အသစ်ခြင်းဆို ဘယ်သူကမှ ဆွဲခေါ်မသွားပေးနိုင်ရင်
လူကြားထဲမှာမက နာမည်ပါပျက်နိုင်၍ သူ့အတွက်
ပြောပြခြင်း....။ ဒါကိုရူးရူးရှဲရှဲနဲ့ ဒေါသတွေထွက်နေလေ
သည်...။ အဟက်..တကယ့်ကလေးသာသာပါ။