Zawgi
နံနက်အိပ်ယာနိုး အချိန်မှန်မှန်မျက်လုံးကပွင့်လာလေသည်။ ဒီနေ့လည်းသွားရဦးမည်။ ညကမှပူပူနွေးနွေးကျင့်ထားတဲ့ ဇာတ်ကွက်တွေက ဦးနှောက်ထဲတန်စီ၍ဝင်လာလေသည်..။ဒီနေ့မိဖုရားနဲ့စကားများရမည့်အခန်းမို့ စကား
မများတတ်တဲ့သူအဖို့ အင်မတန်ခက်၏..။စွာတယ်ဆိုပေမဲ့လည်း မိန်းကလေးတစ်ယောက်နှင့်ဆိုတော့ကား
တစ်မျိုးဖြစ်နေသေးသည်..။အိပ်ယာသိမ်း အဝတ်အစားလဲပြီး နံနက်ခေါက်ဆွဲပြုတ်နှင့်နှစ်ပါးသွားရသည်။ အိုမားကလည်းနှစ်ရက်လောက်နေမှ
ဘူဆန်ကလာမှာဆိုတော့ ဒီရက်ထဲခေါင်ဆွဲပြုတ်သာ
လျှင်ရှိသည်...ဟူး။"ဂျောင်ကုရေငါရောက်ပြီ"
"ဒီနေ့စောလှချည်လား"
"အိပ်မပျော်လို့ဟေ့ဒေါသတွေအလိပ်လိုက်ထွက်ပြီး"
"ဘာဖြစ်ထာလည်း"
ဂျောင်ကုရဲ့ခေါက်ဆွဲဘူးကိုလှမ်းယူစားပြီး မပြောခြင်ဘူးဆိုတဲ့ပုံလုပ်ပြမိပေမဲ့ သူပြောခြင်နေတာသူသာသိသည်။
ညကလည်းဟိုလိမ့်ဒီလိမ့်နှင့်ဒေါသထွက်လွန်းလို့
အိပ်မရပေ။ မနက်ကြတော့လည်း အစောကြီးနိုးနေ၍
ဂျောင်ကုဆီသာထွက်လာခဲ့တော့သည်။ မနက်စာတောင်
မစားပဲ....တကယ်သူပြောခြင်လွန်းလို့ပါးစပ်တွေယား
နေပြီလေ...။"ပြောမှာသာပြောစမ်းပါ"
စိတ်မရှည်သောကြောင့် ဟိုဆော့လက်ထဲကခေါက်ဆွဲဘူး
ဆွဲယူလိုက်သည်။ ဟိုဆော့ကတော့ရေသောက်နေလေရဲ့"မနေ့ကလေငါအိမ်ပြန်တော့လမ်းမှာ ကင်ထယ်ယောင်း
ဆိုတဲ့အကောင်နဲ့တွေ့တယ် တော်တော်ကျက်သရေယုတ်ခဲ့တာဒေါသတွေလည်းထွက်လိုက်တာ လူသတ်ခြင်စိတ်
တောင်ပေါက်တယ်...""ဟိုကမင်းကိုဘာလုပ်လို့လဲ..."
"ငါကသူမနိုင်မှာစိုးလို့အိတ်သယ်ပေးတာကို အကျောကြီးနဲ့မြန်မြန်မသယ်ဘူးလေဘာလေးနဲ့ ပြီးတော့လူမှုရေး လည်းနားမလည်ဘူး အင်မတန်ရိုင်းစိုင်းလိုက်ထာဆိုတာလေ ဘယ်ဥကပေါက်သလဲမေးယူရမယ်"