To/Dear Baby..."12"

65.5K 6.7K 418
                                    

#unicode
#zawgyi

အရိပ်ကတစ်ယောက်တည်း တိုက်ခန်းနဲ့နေတယ်ဆိုလို့်
မှူးငယ်နဲ့ ဦးဟန်တို့ တူတူ လိုက်ပို့ပေးရသည်။

မိသားစုနဲ့ အဆင်မပြေတာမို့်
တစ်ယောက်တည်းခွဲနေတယ်လို့်အရိပ်ပြောတုန်းက
မှူးငယ် အံ့သြရသည်။
မိသားစုရှိရဲ့ နဲ့ ဘာလို့အဆင်ပြေအောင်မနေလဲပေါ့....
မှူးငယ်ဆို မိဘတွေမရှိတော့ လိုအဒေါ်တွေကိုအဆင်ပြေအောင်ဆက်ဆံခဲ့ ရတာလေ...ရှိတဲ့သူတွေက ဘာလို့်
အဆင်ပြေအောင်မနေနိုင်ကြတာလဲလို့တွေးမိတယ်.....

ရှုပ်ပွနေတဲ့ အခန်း...တစ်ခါသုံးပန်းကန်တွေ ...မဆေးရသေးတဲ့ ကော်ဖီခွက်တွေ..သန့်ရှင်းရေးမလုပ်တာမို့်အနံ့အသက်မကောင်းတဲ့အခန်း...

"အရိပ်ညစ်ပတ်နေတာပဲကွာ.... အခန်းလေးဘာလေးမရှင်းဘူးလား...မင်းမရှင်းချင်ရင်သန့်ရှင်းရေးခေါ်လေကွာ..."

"ဟင်အင်း..ဒီအခန်းကို ငါ ချစ်တဲ့သူကလွဲရင်မခေါ်ဘူး...
သူစိမ်းတွေပိုဆိုးတယ်..."

ရီဝေနေတဲ့မျတ်လုံးတွေနှင့်ပြောလာတဲ့ အရိပ်..
သူဘာကို ရည်ရွယ်ချင်လဲ မှူးငယ်သိသည်။
သူအပြောကြောင့်ရင်ထိပ်သွားကာ ဦးဟန်ကို ကြည့်လိုက်ပေမယ့် သတိထားမိဟန်တောင်မတူ....
မှူးငယ်သက်ပြင်းချလိုက်မိသည်။

" မင်းစားဖို့ ဘာရှိလဲ..."

"ရတယ် ငါမစားဘူးဗိုက်ဆာရင် ကော်ဖီပဲဖျော်သောက်လိုက်မယ် "

"ဟာ...ဆေးသောက်ရမှာလေ....နေပါအုံး ငါကြည့်ပါအုံးမယ်..."

ပြောလည်းပြော မီးဖိုခန်းထဲဝင်သွားတဲ့ မှူးငယ်ကို အရိပ်ပြုံးပြီးကြည့်နေလိုက်သည်။
တစ်နေ့တစ်ခြားပိုချစ်လာတယ် ..ဘယ်လိုလုပ်ရမလဲ...

ဦးမင်းမြတ်ကို အောင်နိုင်သူ အပြုံးနဲ့ကြည့်လိုက်သည်။
ကြည့်ထားစမ်း ..အရိပ်ကျွန်တော်ကိုဘယ်လောက်တောင်စိတ်ပူနေသလဲဆိုတာ... ခင်ဗျားတောင်ဒီလိုနွေးထွေးမှုတွေရဖူးလို့လား....ဆိုတဲ့ အကြည့်တွေ..
သူအကြည်တွေမဆုံးခင်
ကော်ဖီခွက်လေးနဲ့ ပြန်ဝင်လာတဲ့ မှူး.....

"ဦးဟန် ...ကော်ဖီ သောက်နော်...မှူးငယ် အရိပ်တွတ်တစ်ခုခု လုပ်ပေးလိုက်အုံးမယ်နော်...ဗိုက်ဆာနေပြီလား..."

To/Dear baby(Completed♥)Where stories live. Discover now