To/ Dear Baby..."24"

64.5K 6.3K 355
                                    

#unicode
#zawgyi

Coffeeတစ်ခွက်ကို ဆုတ်ကိုင်ထားတဲ့
အရိပ်ရဲ့လက်တွေက တစ်ခုခုကို အားတင်းထားသလိုပင်....
အရင်လိုအပြုံး ချိုချိုလေးတွေ မရှိတော့ဘူး...

မှားယွင်းမှုတွေဟာ ဘဝတစ်ခုကို ရင့်ကျက်စေတယ်ဆိုရင် ငါတို့တွေ ဘယ်တော့မှမရင့်ကျက်ရင်ကောင်းမယ်...ဒါဆို နာကျင်မှုတွေ ရှိမှာ မဟုတ်တော့ဘူးလေ...... ..

"ဘာလို့ ငါ့ကို တွေ့ချင်တာလဲ...."

"မှူးကို သစ္စာ မဖောက်ခဲ့ဘူးဆိုတာပြောပြချင်လို့...."

သက်ပြင်းတစ်ချက်ချသံနဲ့အတူ အရိပ်ဟာ မှူးငယ်ကို အကြည့်ချင်း ဆုံလာတယ်...

" ငါကမ္ဘာဘုံနဲ့ တွဲခဲ့တာ မှူး ကြောင့်....မှူးကိုလိုချင်ခဲ့လို့မှူးကိုချစ်ခဲ့လို့....အဟက် သူကပြောတယ်...ငါဟာ အခြားတစ်ယောက်နဲ့ တွဲရင်း စိတ်မလည်သွားရင် မင်းကို ကွာရှင်းပေးမယ်တဲ့....ငါ အတွေးတိမ်သွားခဲ့တယ်...."

မှူးငယ် အနည်း ငယ်တော့အံသြသွားရသည်။
ဦးဟန်ပြောခဲ့တာတွေနဲ့အနည်း ငယ် ကွာခြားနေတယ်မဟုတ်လား....

"ငါ အခု တစ်ခု သိချင်တယ် မှူးငယ်...ငါရှေ့ဆက်ဖို့ငါဘဝရှေ့ကို သွားနိုင်ဖို့ ဒါကို သိရမှရမယ် ...ငါ့ကိုချစ်ခဲ့လား...ချစ်နေသလား...မှူး...."

တိတ်ဆိတ်နေတဲ့ မှုးကြောင့် အရိပ် ဟတ်ခနဲတစ်ချက်ရယ်လိုက်သည်။

"မင်း ငါကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူးပဲ...နည်းနည်းလေးမှတောင်လေ..."

နာကျင်စွာကြွေကျ သွားတဲ့ မျတ်ရည်တစ်စက်ကိုချက်ချင်း လက်မနဲ့ ဆွဲသုတ်ပြီး
ဟတ်ဟတ်ပတ်ပတ်ရယ်လိုကိမိသည်။

"မင်းကိုဝဋ်လည်စေချင်တယိ.... နာကျင်မှုတိုင်းအတွတ်တန်ပြန်ဝဋ်ကြွေးရှိမယ်ဆိုရင် မင်းကို လူတစ်ယောက်ကိုချစ်ရတဲ့ ခံစားချကိကို ဝဋ်အဖြစ်ပြန်ခံစားစေချင်တယ်...
လူတစ်ယောက်ကို သေမတတ် ချစ်ဖူးစေချင်တယ်...လူတစ်ယောက်အတွတ် သေလုမျောပါးခံစားစေချင်တယ်...."

"ဒါဆိုနောက်ဘဝမှ ငါ ဆပ်ချင်တယ် အရိပ်....ငါသာမင်းပြောနေတဲ့ ဝဋ်ကြွေးတွေကိုခံစားရမယ်ဆိုရင်ဦးဟန်လည်း ငါနဲ့တူတူ လိုက်ခံစားရလိမ့်မယ်...
အဲဒါ ကြောင့် ငါ..ငါ နောက်ဘဝမှ အဲ့ ဝဋ်ကြွေးတွေကို ဆပ်ခွင့်ပြုပါ....."

To/Dear baby(Completed♥)Where stories live. Discover now