Kiss Me(Zawgyi)

296 29 51
                                    

Chanyeol'pov

"အားး ဟူးး မောလိုက်တာ"

ပြတင်းပေါက်ကနေ အခန်းထဲဝင်ရတာလဲမလွယ်လှပါ

အရင်sizeနဲ့ဆို အေးဆေးဝင်နိုင်ပေမဲ့ အခုကိုယ်က တထွာစာပဲရှိတဲ့ လူသေးသေးလေးဖြစ်နေတာလေ
သေးသေးလေးဖြစ်ရတာတော်တော်ဆိုးတာပဲ တက်နင်းခံရမှာဆိုးလို့ရှောင်ရတာနဲ့ဖတ်ဖတ်ကိုမောရော

"ဒီနေ့ချိန်းထားတာအကုန်ဖျက်လိုက် ငါပင်ပန်းလို့နားတော့မယ်"

အခန်းထဲကို အမောတကောနဲ့ဝင်လာတဲ့သူက
ကျတော်ရှာနေရတဲ့သူပဲ

သူက...သူက ချောလိုက်တာ
ကျတော့်အိပ်မက်ထဲကမင်းသားလေး သူမှသူအစစ်ပဲ

နောက်ဆုံးတော့ အရင်sizeပြန်ဖြစ်တော့မယ်
အခုသူ့စီအရင်သွားရမယ်

ကုတင်ပေါ်မှာခြေပစ်လက်ပစ်လှဲချလိုက်တဲ့သူကအရပ်အရမ်းရှည်နေတော့ကို့ရို့ကားယား
ဒါပေမဲ့လဲ Idolပီသစွာချောမောနေစဲ

"Arjushii Arjushiii!!"

အသံက အရင်ထက်အဆ100လောက်တိုးသွားတာမို့ တတ်နိုင်သလောက်အာခေါင်ခြစ်အော်လိုက်သည်

သူမကြား

ကျတော်လဲ သူ့ကိုယ်ကို ခွကျော်တက်ကာ ရင်ဘတ်ပေါ်ရပ်နေလိုက်သည်

အမလေးး ကြွက်သားအဖုအထစ်တွေကကျတော့်အတွက်တော့တောင်ကြီးလိုပဲ

လူတယောက်လုံးသူ့ကိုယ်ပေါ်တက်လာတာတောင်မသိလောက်အောင်ပင်ပန်းနေတယ်ထင်ပါရဲ့
သြော် နောက်ပြီး ကျတော့်ကိုယ်ကပေါ့ပေါ့လေးကိုး

"Arjushii!!"

ခနနေမှ သူ့မျက်လုံးတွေပွင့်လာပြီး ကျတော့်ကိုမြင်တော့ အလန့်တကြားနဲ့ အော်ကာ ထရပ်သည်

"မင်း မင်းး ဘယ်သူလဲ!..နောက်ပြီး လူလဲမဟုတ်ဘူးမလား"

ငင့် လူမဟုတ်လို့ ကျတော်ကဘာဖြစ်ရမှာလဲ
လူပုံမပေါက်လို့လား သေးသေးလေးဖြစ်နေရုံပဲလေ

သူပြောမှပဲ စိတ်တောင်လေတယ်

"လူဟုတ်တယ်...yeolကarjushiကိုရှာနေတာ အခုမှတွေ့တော့တယ်"

ကျတော့်ကို အံ့ဖွယ်တခုလို ပြူးပြဲကြည့်နေပေမဲ့ အန္တရာယ်တော့မပေး တခြားလူတွေကိုလဲအော်မခေါ်ခဲ့

You've reached the end of published parts.

⏰ Last updated: May 29, 2020 ⏰

Add this story to your Library to get notified about new parts!

Kiss Me(Completed)Where stories live. Discover now