(Unicode)
ခြံတံခါးကို ပိတ်ပြီး ကားပေါ်တက်ဖို့ လုပ်တော့ ရှောင်းကျန့်ဟာ မနေနိုင်မထိုင်နိုင် ဟိုဘက်ခြံကို လှမ်းကြည့်ရပြန်တယ် ...
တစ်ယောက်တည်းပြန်လာရမှာကို ဒီကောင်လေးမို့ မကြောက်မရွံ့နောက်ကျတဲ့အထိနေရဲတယ် ....
ကားပေါ်ရောက်တဲ့အထိ ဘက်မှန်ကနေ ချောင်းချောင်းကြည့်နေတာ တစ်နာရီကျော်ကြာ ....
ထွက်လာပြီ .....
ရိပေါ်ဟာ အစိမ်းရောင် တီရှပ်ကို လက်ရှည်အကွက်လေးနဲ့ တွဲဝတ်ထားတယ် ....
ရုပ်လေးက ဖျော့တော့နေပေမယ့် ပါးဖောင်းလေးတွေက မလိုက်မဖက် တည်ရှိနေသေးတယ် ....
ဒီကောင်လေးငယ်ငယ်လေးဟာ သူနဲ့ကျတော့ လူကြီးလေးလို နေထိုင်ရပြန်သေးတာ ....
"ရိပေါ် ....!"
မတိုးမကျယ်အသံနဲ့ လှမ်းခေါ်တော့ သူ့ကားပေါ်တက်ဖို့လုပ်နေတဲ့ ရိပေါ်က ဆတ်ကနဲ လှည့်ကြည့်တယ် .....
"အကို ... !"
"အင်း .... "
"ဘာလာလုပ်တာလဲ ...."
"အိမ်ကိုလာတာ .... ပန်းတွေ ညှိုးနေမှာစိုးလို့ ရေလာလောင်းတာ ...."
ခုထိ တစ်နာရီကျော် ထိုင်စောင့်နေတယ်လို့တော့ မပြောမိပါ ....
တစ်ခါတစ်ခါကျရင် အသုံးမဝင်တဲ့ မာနတွေက တင်းခံရလွန်းပါတယ် ....
"ဪ ....."
"ငါနဲ့ တူတူပြန်ရင် ပြန်လေ ...."
"ရတယ် ..... ကျွန်တော် ...."
ခြံတံခါးဖွင့်သံကြားတော့ ရိပေါ်ရော ရှောင်းကျန့်ပါ လှမ်းကြည့်မိပြန်တယ် ....
ရိပေါ်နဲ့ မတိမ်းမယိမ်းကောင်လေးတစ်ယောက်က အိမ်ထဲကထွက်လာပြီး ရိပေါ်ကို ဖုန်းလှမ်းပေးတယ် ....
"ကိုကို .... ဖုန်းကျန်ခဲ့တယ် ....."
"ဪ .... အင်း .... ကျေးဇူး ဟောက်ရွှမ်း ..."
အာ .... ဝမ်ဟောက်ရွှမ်း ...
ရိပေါ်ရဲ့ cousin .....
"ကိုကိုရဲ့ ... အိမ်ထောင်ဖက် ...?"
"မင်္ဂလာပါ ကျွန်တော် ရှောင်းကျန့်ပါ ...."
ပြုံးပြပြီး နှုတ်ဆက်လိုက်ပေမယ့် ဝမ်ဟောက်ရွှမ်းဟာ မျက်ခုံးတစ်ဖက်ကို ပင့်ပြီး ဘောက်ဆက်ဆက်ကြည့်ပါတယ် ....
ESTÁS LEYENDO
EPIPHANY (Completed)
FanficEpiphany (n.) a moment when you suddenly feel that you understand or suddenly become conscious of something that is very important to you