🌷1🌸

29.2K 1.5K 125
                                    

[Zawgyi]

သာယာလွန်းသည့်​မနက်​ခင်း.....
ကျေးရွာ၏အ​ငွေ့အသက်​တို့ကလွှမ်းခြုံထားလျက်​....

ထို​ကျေးရွာ​လေးအတွင်းရှိ​ဈေးထဲ၌လူအများ၏တစ်​​နေ့တာ
အသစ်​​​မွေးလုပ်​ငန်းတို့သည်​စတင်​​နေ​လေပြီ...

ထို​ဈေး​လေးအတွင်း​နေထိုင်​ကြ​သောတံငါသည်​တူရီးနှစ်​​ဦး
၏တဲအိမ်​​လေး...

"ရာ.......​ဂျောင်းဂု....."

တံငါသည်​ဦး​လေးဖြစ်​သူမှငါးသွားမျှား​တော့မည်​ဖြစ်​၍
ငါးမျှားချိတ်​အားထမ်းလျက်​အိမ်​ပေါ်ဆင်းလာ​သော
ဦး​လေးဖြစ်​သူ​​ဆော့ဂျင်​....

အိမ်​​ထဲက​နေအခုထိထွက်​မလာ​သေး​သောတူ​တော်​အား
လှမ်း​ခေါ်​နေရရှာသည်​...

"ဟာ......ခဏ​လေးပါဗျာ...."

မှန်​​ရှေ့တွင်​အုန်းမုတ်​ခွက်​ပုံဆံပင်​​လေးအားဟိုဖီးဒီဖီးလုပ်​ရင်း
အဝတ်​အပိုင်းတစ်​စအားနှဖူးထက်​ပတ်​ချည်​ရင်းစည်း​နှောင်
လိုက်​သည်​....

နို့နှစ်​​ရောင်​ဖြူဝင်းနေ​သောမျက်​နှာ​လေးသည်​မပြင်​မဆင်
တက်​မှု​ကြောင့်​ဟိုတစ်​ကွက်​ဒီတစ်​ညိုမဲ​နေရှာသည်​...

အနည်းငယ်​​ခြောက်​ကပ်​​နေ​သောနှုတ်​ခမ်းပါးပါး​လေးကို
လျှာ​လေးနဲ့သက်​လိုက်​​လေ​တော့ရဲ​တောက်​​နေ​လေ​သော
ထိုလူသား၏နှုတ်​ခမ်းပါး....

"ရား!!!!.....ငါ​ခေါ်​နေတယ်​​လေ....!!!"

စူးရှ​နေ​သောအိမ်​​အောက်​မှဦး​လေးဖြစ်​သူ၏အသံ​ကြောင့်
မျက်​စိ​ရှေ့ကမှန်​​တောင်​​ကွဲသွားနိုင်​သည်​...

"လာပြီဗျို့.....လာပြီ..."ဆိုကာအိမ်​​အောက်​သို့အ​ပြေး
ဆင်းလာ​လေ​သောသူ၏တူ​တော်​​မောင်​....

"အားရီးဂူး!!...."

""ဂွက်​!!""

"အား!!!ဦး​လေး!!!"

အိမ်​​အောက်​​ရောက်​သည်​နှင့်​​ခေါင်းကိုဂွက်​ခနဲလာရိုက်​တဲ့
ဦး​လေးရဲ့ငါးမျှားတံ ...

ENDLESS❤KV✿[COMPLETED]Where stories live. Discover now